be Tab 10 Pro Road Show ကျင်းပပြုလုပ်မည်

photo.jpg

be Tab 10 Pro Road Show ကို မေလ ၁၈ ရက် မှဇွန်လ ၂၁ ရက်အထိ Technoland, KMD, Citicom, King Power နှင့် Idea Link အရောင်းဆိုင်များတွင် အလည့်ကျကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Road Show တွင် be Tab 10 Pro Wifi ကို USD 259 ဖြင့် ဝယ်ယူနိုင်ပြီး 16 GB micro SD Card နှင့် Fujitsu Wireless Mouse, be Tab 10 Pro Wifi + 3G + Keyboard Cover ကို USD 299 ဖြင့် ဝယ်ယူနိုင်ပြီး 1 GB Data Plan ပါဝင်သော SIM Card နှင့် Fujitsu Wireless Mouse ကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်မည်ဖြစ်သည်။ 3G Internet အသုံးပြုရန်
အတွက် Tablet အတွင်း ထည့်သွင်းရသော 3G Stick ကို USD 30 ဖြင့် လည်းကောင်း၊ Notebook ကဲ့သို့ အသုံးပြုရန်အတွက် Keyboard ပါဝင်သော Tablet Cover ကို USD 30 ဖြင့် လည်းကောင်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ be Tab 10 pro Road Show ကို မေလ ၁၈ ရက် မှ ၂၄ ရက် အတွင်း ၃၆ လမ်းရှိ Technoland တွင် လည်းကောင်း၊ မေလ၂၅ ရက် မှ ၃၁ ရက်အတွင်း ပန်းဆိုးတန်း KMD တွင်လည်းကောင်း၊ ဇွန်လ ၁ ရက် မှ ၇ ရက် အတွင်း မဟာဗန္ဓုလပန်းခြံ လမ်းရှိ Citicom တွင်လည်းကောင်း၊ဇွန်လ ၈  ရက် မှ ၁၄ ရက်အတွင်း
ဆိပ်ကမ်းသာအောက်ဘလောက်ရှိ King Power တွင်လည်းကောင်း၊ ဇွန်လ ၁၅ ရက်မှ ၂၁ရက် အတွင်း ဆိပ်ကမ်းသာ လမ်းရှိ IDEA LINK တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  အသေးစိတ်အချက်အလက်များကို ဖုန်း – ၀၉ -၂၆၀၅၁၃၃၄၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။