ရေစိုခံ Sony SmartWatch 3 ကိုဒေါ်လာ ၂၅၀ ဖြင့် Google Play Store တွင်ရောင်းချနေ

smart-watch.jpg

Sony ၏ရေစိုခံ တတိယမျိုးဆက် စမတ်နာရီသည် ဒေါ်လာ ၂၅၀ ဖြင့်  Google Play Store တွင် ရောင်းချနေလျက် ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က Google ၏အွန်လိုင်း စတိုးတွင်မူ Sony SmartWatch 3 ကိုမကြာမီ ရောင်းချသွားမည်ဟု ဖော်ပြထားကြောင်း TheVerge မှရေးသားခဲ့သည်။ ယခုအခါတွင် Google  Play Store မှတစ်ဆင့် Sony Smart Watch 3 ကို ဝယ်ယူနိုင်ပြီဖြစ်ပြီး ၎င်းစမတ်နာရီ ဝယ်ယူသူများထံသို့ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း တင်ပို့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Sony SmartWatch 3 ကိုယူကေနှင့် သြစတြေးလျရှိ Google Play တွင်မူ ရောင်းချခြင်း မရှိသေးပေ။ ထို့ပြင် ၎င်းစမတ်နာရီကို နိုဝင်ဘာလ ၂၀ ရက်တွင် Verizon Wireless သို့တင်ပို့ သွားမည်ဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း ဝယ်ယူနိုင် တော့မည်ဖြစ်သည်။

Sony SmartWatch 3 သည် စမတ်ဖုန်းဖြင့် ချိတ်ဆက်ထားသည့်အခါ ဖုန်းခေါ်ဆိုမှုများ၊ message နှင့် အခြားသတိပေး ချက်များရရှိမည့် သမားရိုးကျ စမတ်နာရီ တစ်ခုဖြစ်သည်။ ၎င်းစမတ်နာရီကို fitness tracker တစ်ခုအဖြစ် အသုံးပြုနိုင်ပြီး သုံးစွဲသူများ၏ ခြေလှမ်း၊ လမ်းလျှောက်နှုန်းနှင့် အိပ်စက်ခြင်းတို့ကို မှတ်တမ်းတင် ပေးထားမည် ဖြစ်သည်။ Sony သည် သုံးစွဲသူများအတွက် နေ့စဉ်နားထောင်လိုသည့် သီချင်းများ၊ ရုပ်ရှင်များနှင့် အခြားအရာများစွာ ခြေရာခံပေးမည့် LifeLog နှင့် Android health app တို့ကို အသုံးပြုထားသည်။ အဆိုပါ SmartWatch 3 သည် ဝတ်ဆင်နိုင်သော ထုတ်ကုန်များအတွက် Google ၏မိုဘိုင်း OS Android Wear ကိုအဓိက အသုံးပြုထားသည်။

-စိုးထက်

Ref : CNET