Hardware Emulation

Hardware emulation ဆိုသည်မှာ hardware ထုတ်ကုန်တစ်ခုကို အခြား hardware ထုတ်ကုန် တစ်ခုကဲ့သို့ အသုံးပြုနိုင်သည့် အသွင်ဖြင့် တုပပြုလုပ်ခြင်း ဖြစ်သည်။

Hardware emulator တစ်ခုကို ကွဲပြားခြားနားသည့် အခြားသော hardware platform တစ်ခုလုံးအနေဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ထားသည်။ ယေဘုယျအားဖြင့် Hardware emulation ကို ကွန်ပျူတာ hardware နှင့် software တို့၏ အပြစ်ရှာဖွေခြင်းနှင့် system တစ်ခုကို အတည်ပြုခြင်းတို့အတွက် အသုံးပြုကြသည်။

Administrator တစ်ယောက်သည် virtual machine တစ်ခုအတွင်း အထောက်အပံ့ မပေးထားသည့် operating system တစ်ခုကို အသုံးပြုလိုသည့်အခါ hardware emulation ကို အသုံးပြုရသည်။ ၎င်းဖြစ်စဉ်တွင် virtual machine သည် sever hardware ထံ တိုက်ရိုက် အသုံးပြုနိုင်ခြင်း မရှိပေ။ ထို့ကြောင့် emulation layer တစ်ခုက physical နှင့် virtual hardware အကြား တိုက်ရိုက် အသုံးပြုနိုင်စေသည်။ ၎င်းသည် interface တစ်ခုကို virtual machine ထံ အသုံးပြုခွင့်ပေးသောကြောင့် paravirtualization ထက် ပိုပြီး အကျိုးရှိစေသည်။

Mircosoft ၏ Hyper-V တွင် hardware emulation ပါဝင်သောကြောင့် ပေါင်းစပ်ပါဝင်သည့် ဝန်ဆောင်မှုများကို guest operating system များတွင်သာ install ပြုလုပ်နိုင်သည်။ Hardware emulation သည် network administrator မှ သာမန်အားဖြင့် operating system ထောက်ပံ့ပေးနိုင်ခြင်း မရှိသည့် desktop တွင် embedded operating system တစ်ခုနှင့် အပြန်အလှန် ဆောင်ရွက်နိုင်စေသည်။ Embedded OS သည် operating system တစ်မျိုးဖြစ်ပြီး ၎င်းသည် သက်ဆိုင်ရာ hardware နှင့် system များပေါ်တွင်သာ အသုံးပြုနိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။