LG 3D Blu-ray Home Theater

LG-3D-Blu-ray-Home-Theater-.jpg

စွမ်းအားပြည့် LG အမှတ်တံဆိပ် BH-7540W မော်ဒယ် 5.1 Channel 3D Blu-ray Home Theater အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး 1200Watts အထိ ထုတ်ပေးနိုင်မည် ဖြစ်သည်။ Front စပီကာနှစ်လုံး၊ Center စပီကာတစ်လုံး၊ Sub-woofer တစ်လုံး၊ surround နှစ်လုံးတို့အား Hi-Fi system ဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည့်အတွက်ကြောင့် အိမ်အတွင်း အသေးစားရုပ်ရှင်ရုံတစ်ရုံကဲ့သို့ ခံစားနိုင်မည် ဖြစ်သည်။ USB ဖြင့် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုကြည့်ခြင်းများကို မိမိစိတ်ကြိုက် ပြုလုပ်နိုင်မည်ဖြစ်သည်။ အသံကွဲအက်ခြင်းမရှိသော Aramid Fiber ကို အသုံးပြုထားခြင်းကြောင့်  သဘာဝ အကျဆုံးအသံကို ပေးစွမ်းနိုင်သည်ဟု သိရသည်။ ကြိုးမဲ့စနစ်ဖြင့်လည်း ချိတ်ဆက် နားထောင်နိုင်မည် ဖြစ်သည်။ သာမန် 3D များ ထက်သာသော 3D အရည်အသွေးပေးနိုင်ပြီး 2D အရည်အသွေးကို 3D အရည်အသွေး ပြောင်းပေးနိုင်သည်။ အင်တာနက်ဖြင့် ဝက်ဆိုက်များကို အလျင်းသင့်သလို Magic remote မှတစ်ဆင့် ရှာဖွေနိုင်မည်ဖြစ်သည်။ တီဗွီမှလာသော အသံများကို ဖုန်းဖြင့် ချိတ်ဆက်၍လည်း နားဆင်နိုင်မည် ဖြစ်သည်။ အာမခံ တစ်နှစ်ပေးထားသည်။ တန်ဖိုးမှာ ၆၅၉,ဝဝဝ ကျပ်ဖြစ်သည်။ ဖုန်း – ၀၁-၃၇၉၉၅၄၊ ၀၁-၃၇၉၉၅၅ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။