Solar Energy Kit

Solar-Energy-Kit.jpg

အိမ်သုံး၊ ဆိုင်သုံးအနေဖြင့် အသုံးပြုနိုင်ပြီး အဓိကအနေဖြင့် လျှပ်စစ်မီးမရသောနေရာများတွင် အလင်းရောင်ကောင်းကောင်း ရနိုင်အောင် ထုတ်လုပ်ပေးထားသော Solar Home System တစ်မျိုး ဖြစ်သည်။ Solar Plate တစ်ခုပါဝင်ပြီး နေရောင်တိုက်ရိုက်၊ ဒါမှမဟုတ် အလင်းရောင်ရှိသော နေရာမျိုးတွင်ပါထားပြီး အားပြန် သွင်းပေးနိုင်မည် ဖြစ်သည်။ လက်ကိုင်ပါဝင်သည်။ သွားလေရာ အလွယ်တကူ သယ်သွားနိုင်သော Battery Pack တစ်ခု ပါဝင်ပြီး DC Output နှစ်ခုပါဝင်သည်။ အလင်းအားကောင်းပြီး အဖြူ ရောင် LED မီးနှစ်ခုပါဝင်သည်။ ကြိုး ၁၀ ပေစီ ပါဝင်သည့်အတွက် စိတ်ကြိုက်ရွေ့လျားနိုင်မည် ဖြစ်သည်။ မီးတစ်လုံးတည်း အသုံးပြုမည်ဆိုပါက နာရီ ၃၀၊ မီးနှစ်လုံးအသုံးပြုမည်ဆိုပါက ၁၅ နာရီ ဆက်တိုက် အသုံးပြုနိုင်မည် ဖြစ် သည်။ လေးနာရီ အားသွင်းရုံဖြင့် အားအပြည့်ပြန်ဝင်ပြီး မီးလုံးမှာ နာရီတစ်သိန်းသက်တမ်း ရှိမည်ဖြစ်သည်။ DC Jack တွင် အခြား DC သုံး ပစ္စည်းများကိုပါ အသုံးပြုနိုင်မည် ဖြစ်သည်။ USB Output ပါဝင်ပြီး ဖုန်းမျိုးစုံ အားပြန်သွင်းပေးနိုင်မည့် USB ခေါင်းလေးခေါင်းပါ ကြိုးတစ်ချောင်း ပါဝင်သည်။ တန်ဖိုးမှာ ကျပ် ၃၅,ဝဝဝ ဖြစ်ပြီး Ever Fine ဖုန်း – ၃၈၃၄၆၆ နှင့် ၃၈၇၆၄၀ ၌ ဆက်သွယ်ဝယ် ယူနိုင်မည် ဖြစ်သည်။