Huemory : Color Memory

Huemory.jpg

Huemory App သည် သင်၏မျက်စိထဲတွင် အရောင်တစ်ခုကို အရေအတွက်အားဖြင့် ဘယ်လောက် မှတ်မိနိုင်သည်ဆိုသည်ကို စမ်းသပ်ပေးနိုင်သည့် App တစ်ခု ဖြစ်သည်။ အဆိုပါ App သည် ပထမပိုင်းတွင် အရောင်တူ အကွက်ငယ်များစွာကို ဖော်ပြပေးပြီးနောက် ပြန်မှိန်သွားမည် ဖြစ်သည်။ အသုံးပြုသူမှ မှတ်မိသည့် တူညီရာ အရောင်တစ်ခုထဲ၏ အကွက်ယ်များကို လက်ဖြင့်ထောက်၍ ရွေးချယ်ပေးရမည်ဖြစ်သည်။

အဆိုပါ App ကို Play Store တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ Android Version 2.3 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။