ColorflyG708

tablet-cover.jpg

တန်ဖိုး – ကျပ် ၁၀၀,၀၀၀

အားသာချက် – အရွယ်အစား သေးငယ်ပြီး ခရီးမကြာခဏ ထွက်တတ်တဲ့ သူများအတွက် သွားလေရာ အလွယ်တကူ ယူဆောင်သွားနိုင်သလို၊ SIM Card Slot ပါဝင်တာကြောင့် အင်တာနက် အသုံးပြု၍ အလုပ်လုပ်ရမည့် သူများအတွက် အသုံးဝင်တဲ့ Tablet တစ်မျိုးလည်း ဖြစ်ပါတယ်။ ထို့အပြင် ဈေးနှုန်းသက်သာတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက် – ထူးခြားတဲ့ နည်းပညာတွေကိုဒီ Tablet မှာတွေ့မြင်ရမှာ မဟုတ်ဘဲ ကင်မရာကလည်း Megapixel နည်းပါးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက် – ColorflyG708 Tablet ဟာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ Tablet အမျိုးအစား ဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းတွေမှာတော့ လျော့ကျခြင်းမရှိဘဲ သုံးစွဲသူစိတ်တိုင်းကျ စေရန်အတွက် အထောက်အပံ့ ပေးနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – OctaCore Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8 GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4.2 ဖြစ်တဲ့ Kitkat Version ကို အသုံးပြုထားပါတယ်။ IPS LCD Capacitive Touchscreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇လက်မ ခန့်သာရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာက 0.3 Megapixels ရှိမည်ဖြစ်ပြီး Rear Camerကတော့ 2 Megapixels သာရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-Ion ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 3000mAh ရှိမှာ ဖြစ်ပါတယ်။

ဒီဇိုင်း – Colorfly G708 Tablet ဟာအဖြူရောင် ကိုယ်ထည်ကို အသုံးပြုထားပြီး ဘေးဘောင်ကွပ်တွေကိုတော့ အပြာနုရောင်လေး ကွပ်ပေးထားတဲ့အတွက် မျက်စိအမြင်မှာ တစ်မျိုးလှပတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ – T-Land IT, Digital & Mobile

ဆက်သွယ်နိုင်မည့်ဖုန်း – ၃၈၂၈၆၈