SMS ဖြင့် ဗေဒင်ဝန်ဆောင်မှု အသုံးပြုသူ ၃ သန်းဝန်းကျင်ရှိ

Logo.jpg

မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ၆.၄ သန်းအနက် မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် ၃ သန်းဝန်းကျင်သည် SMS ဗေဒင်ဝန်ဆောင်မှုကို ရယူအသုံးပြုနေကြသည်ဟု Telenor မှ ဈေးကွက်ရှာဖွေရေး အရာရှိချုပ် Mr. Sharad Mehrotra က ပြောသည်။

စံဇာဏီဘို၏ နေ့စဉ်ဗေဒင် ဟောစာတမ်းများကို တစ်ပတ်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် Telenor က SMS ပေးပို့၍ မိုဘိုင်းဖုန်း အသုံးပြုသူများကို ဝန်ဆောင်မှု ပေး အပ်နေခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို စိတ်ဝင်စားသည့် မိုဘိုင်းဖုန်း အသုံးပြုသူ အများအပြား တည်ရှိနေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဗေဒင်ကို အရမ်းစိတ်ဝင်စားကြပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုသူ အရေအတွက်က ၃ သန်းဝန်းကျင်လောက် ရှိတယ်။ ဝန်ဆောင်မှုကို အသုံးပြုလိုက်၊ အသုံးမပြုလိုက်ဆိုတော့ အတိအကျတော့ ပြောလို့မရနိုင်ဘူး”ဟု Mr. Sharad Mehrotra က ပြောသည်။

SMS ဗေဒင်ဝန်ဆောင်မှုကို Telenor နည်းတူ Ooredoo မှလည်း ဝန်ဆောင်မှု ပေးအပ်နေပြီး အဆိုပါဝန်ဆောင်မှုအတွက် တစ်လလျှင် ဝန်ဆောင်ခ ၈၉၀ ကျပ် ကောက်ခံ သည်ဟု သိရသည်။

“ပုံနှိပ်စာက မယိမ်းယိုင်သေးပါဘူး။ ဒါပေမဲ့ သူ့ဈေးကွက်ကို အင်တာနက်က ဝင်လာတယ်။ စာအုပ်တွေကိုတောင် အင်တာနက်ထဲထည့်ပြီး ပြန်ဖတ် လာကြတယ်။ ပြဿနာ တစ်ခုက မြန်မာဖောင့် ဖြစ်နေတယ်။ ဒါလေး အဆင်ပြေသွားရင်တော့ ပိုကောင်းလာမယ်”ဟု စံဇာဏီဘိုက ပြောသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေး အော်ပရေတာများသည် အခြားနိုင်ငံများနည်းတူ ဒေသတွင်းလိုအပ်များကို ရှာဖွေ၍ Application များ နှင့် SMS စနစ်များကို တိုးချဲ့ ဝန်ဆောင်မှု ပေးအပ်နေကြချိန်ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုများကို ဒေသတွင်းရှိ ပညာရှင်များနှင့် ပူးပေါင်းအကောင်ထည် ဖော်ဆောင်နေခြင်းဖြစ်ပြီး အခကြေးငွေများကို ခွဲဝေရရှိနေကြခြင်း ဖြစ်သည်။