Ogg Vorbis

Vorbis သည် open source audio compression format တစ်ခု ဖြစ်သည်။ ၎င်းကို MP3, VQF နှင့် AAC ကဲ့သို့သော digital audio encoding format များအတွက် အစားထိုးရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ format ကို Ogg Vorbis ဟူ၍ ရည်ညွှန်း ခေါ်ဝေါ်ကြသည်။

Vorbis ဖိုင်များ (.ogg extension) သည် MP3 ဖိုင်ထက် အရွယ်အစား သေးငယ်သောကြောင့် bandwidth ကို လျော့နည်းစေသလို သိုလှောင်မှုပမာဏလည်း အနည်းငယ်သာ လိုအပ်သည်။ သို့သော် Vorbis ဖိုင်တစ်ခုသည် အရွယ်အစားတူ MP3 ဖိုင်တစ်ခု၏ အသံအရည်အသွေးထက် ပိုမိုကောင်းမွန်သည်။

Vorbis စီမံကိန်းကို ခရစ္စမောင့်ဂိုမာရီက MIT တွင် စတင်ခဲ့သည်။ သို့သော်လည်း Fraunhofer-Gesellshaft Institure မှ MP3 codec (coder/decoder) developer များက MP3 format ကို ကြေညာခဲ့ပြီးနောက် Vorbis format အတွက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သည်။