Microsoft ကုမ္ပဏီက မြန်မာနိုင်ငံအတွင်း နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ ဆိုက်ဘာ လုံခြုံရေးများ ဆောင်á€

microsoft.jpg

Microsoft ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း နည်းပညာဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပညာရေး၊ စီးပွားရေး၊ ဝန်ကြီးဌာန အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အစီအစဉ်များကို လာမည့် ၁၂ လအတွင်း အကောင်အထည် ဖော်သွားမည်ဟု သိရပြီး အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပိုမိုများပြားလာသော ဆိုက်ဘာရာဇ၀တ်မှုများအား ထိန်းချုပ်နိုင်ရန် ဒီဂျစ်တယ် ရာဇ၀တ်မှုအဖွဲ့( Digital Crimes Unit) တစ်ခုအား ထားရှိ ထားကြောင်း သိရသည်။ အဆိုပါ အဖွဲ့တွင် Malware, botnets, IP crimes နှင့် ဆက်စပ်နည်းပညာဖြင့် ကလေးသူငယ်များအား အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာဖွေခြင်း အစ ရှိသည့် နယ်ပယ်များတွင် ကျွမ်းကျင်သောရှေ့နေများ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ မှုခင်းဆိုင်ရာ သုံးသပ်သူများ ပါဝင်ကြောင်း သိရသည်။ ယင်းအဖွဲ့အနေဖြင့် တစ်ကမ္ဘာလုံးတွင် ရှိသော ပုဂ္ဂလိက ကုမ္ပဏီများသာမက အစိုးရ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဆိုက်ဘာလုံခြုံရေးဟာ ကမ္ဘာ့အနာဂတ် အောင်မြင်မှုအတွက် အလွန်အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကျွန်မတို့ အွန်လိုင်းသုံးတာပဲဖြစ်ဖြစ်၊ မိမိတို့အသုံးပြုတဲ့ ပစ္စည်းတွေပေါ်မှာပဲဖြစ်ဖြစ် ယုံကြည်နိုင်လောက်တဲ့ လုံခြုံမှုတွေရှိဖို့ လိုအပ်ပါတယ်။ Microsoft အနေနဲ့ဆိုရင် ထိရောက်ပြီး နည်းပညာပိုင်းမဟုတ်တဲ့ ဆိုက်ဘာ လုံခြုံရေး ဆိုင်ရာ ပေါ်လစီထူထောင်ဖို့ အခြေခံကျကျ အစပျိုးပေးထားတဲ့ လှုပ်ရှား မှုလုပ်ငန်း အမျိုးအမျိုးမှာ ပါဝင်ခဲ့ပါတယ်။ Microsoft က အသုံးပြုလုပ်ထုံး လုပ်နည်း ပေါ်လစီတွေ နဲ့ နိုင်ငံတွင်း ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်မှုတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို သေချာမှတ်သားထားပါတယ်။ ဒါမှလည်း ဘယ်လို အပြုအမှုမျိုးက ဆိုက်ဘာလုံခြုံရေး အတွက် ကောင်းတဲ့ အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်စေသလဲဆိုတာကို မူဝါဒချမှတ်သူတွေ ဆုံးဖြတ်လို့ ရအောင် ပြောပြလို့ ရမှာဖြစ်ပါတယ်” ဟု Microsoft ၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez ကေ ပြာကြားသည်။

International Data Corporation (IDC) နဲ့ National University of Singapore (NUS) တို့၏ လေ့လာချက်အရ သုံးစွဲသူများ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ malware များကြောင့် အချက်အလက်များ၊ ဖိုင်များ၊ ကိုယ်ရေးကိုယ်တာဆိုင်ရာများ ပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ကြောင်း၊ ဒုတိယစိုးရိမ်မှုမှာ အင်တာ နက်ပေါ်တွင် ခွင့်ပြုချက်မရှိသော ငွေလွှဲပြောင်းမှုများ ပြုလုပ်ခြင်းနှင့် အွန်လိုင်းမှ လိမ်လည်မှုများပြုလုပ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။