Car Black box

Car-Black-box.jpg

ကားအတွင်းတွင် ထည့်သုံးနိုင်ပြီး လိုအပ်ပါက ပြန်လည်စစ်ဆေးနိုင်သော Car Black box တစ်မျိုးကို Asia Best Link တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ကား၏ရှေ့လေကာမှန်တွင် အလွယ်တကူ တပ်ဆင်နိုင်ပြီး ရှေ့ကင်မရာတစ်လုံး ပါဝင်သည်။ Infrared မီးပါဝင်သည့်အတွက် နေ့ရောညပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ရုပ်ထွက်ကောင်းမွန်ကြည်လင်သော 2.5 မီလီမီတာရှိသည့် မှန်ဘီလူးသုံးထားပြီး မြင်ကွင်းအကျယ် ၁၂၀ ဒီဂရီအထိ ရရှိနိုင်မည်ဖြစ်သည်။ Full HD အရည်အသွေး 1920×1080 အထိရရှိနိုင်ပြီး အရုပ်ရောအသံပါ မှတ်တမ်းတင်ပေးနိုင်မည်ဖြစ်သည်။ ဓာတ်ပုံသာမက ဗီဒီယိုပါ ရိုက်ကူးနိုင်မည်ဖြစ်သည်။ Auto အနေဖြင့်သာမက Manual အနေဖြင့်ပါ အသုံးပြုနိုင်သည်။ ပြန်လည်ကြည့်ရှုနိုင်မည့် ၃ လက်မအရွယ် TFT LCD ပါဝင်သလို ပြင်ပ Monitor အတွက်လည်း HDMI Output ပါဝင်သည်။ Fixed Focus ဖြစ်သည်။ ကားစီးကရက်မီးညှိပေါက်မှ DC 12V ဖြင့် ဆက်သွယ်နိုင်သလို Backup Battery လည်း ပါဝင်သည်။ တန်ဖိုးမှာ ကျပ် ၈၀,၀၀၀ ကျော်ဖြစ်ပြီး ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။