Text Message များကြောင့် iPhone တွင် ချို့ယွင်းချက်များ ဖြစ်ပေါ်ဟုဆို

imessage-app.jpg

ပြီးခဲ့သည့် အင်္ဂါနေ့က Reddit သုံးစွဲသူ တစ်ဦး၏  iPhone  တွင် အာရေဗျအက္ခရာများ ပါဝင်သည့်  message တစ်စောင် ရရှိပြီးနောက် iMessage မှာ ချို့ယွင်းခဲ့ပြီး ဖုန်းသည်လည်း reboot ဖြစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ iOS ချို့ယွင်းချက်များသည် ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလက ထွက်ပေါ်ခဲ့သည့် iOS 8 သည်ပြဿနာပေါင်း များစွာရှိနေပြီး ၎င်းတို့ကို ဖြေရှင်းရန် update များအား Apple ကထုတ်လုပ် ပေးနေရသည်။  သို့သော်လည်း ယခုချို့ယွင်းချက်သည် ဖြစ်ပေါ်ခဲသည့်အပြင် ကြုံရာကျပန်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသလို iPhone သုံးစွဲသူ အများစုအပေါ် ရိုက်ခတ်ခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ချို့ယွင်းချက်သည် သုံးစွဲသူများအနေဖြင့် Apple ၏ ပြင်ဆင်မှုအပေါ် စောင့်ဆိုင်းစရာ မလိုအပ်ဘဲ ကိုယ်တိုင်ဖြေရှင်းနိုင်သည့် ပြဿနာဖြစ်သည်။

Apple Insider ၏ ဖော်ပြချက်အရ ၎င်းပြဿနာမှာ အာရေဗျ အက္ခရာများကြောင့် မဟုတ်ဘဲ iOS ၏စာသားအက္ခရာ ကိုင်တွယ်ပုံကြောင့် ဖြစ်ကြောင်းသိရသည်။ iOS သုံးစွဲသူ တချို့သည် ၎င်းပြဿနာကို Reddit နှင့် Twitter ပေါ်တွင် သတိပေးမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ပြဿနာသည် သုံးစွဲသူ၏ ဖုန်း lock ဖြစ်နေသည့် အချိန်တွင် ချို့ယွင်းချက် ဖြစ်ပေါ်စေသည့် အက္ခရာများ ပေးပို့မှသာ iPhone မှာ reboot ဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ အနေဖြင့် အဆိုပါ message များကို ရည်ရွယ်ချက် တစ်ခုခုဖြင့် iPhone အား ချို့ယွင်းအောင် ပြုလုပ်လိုသူထံမှသာ ရရှိမည်ဖြစ်သည်။

Ref : CNET