တရုတ်နိုင်ငံ Singles Day တွင် Alibaba ကုမ္ပဏီ ကုန်ပစ္စည်း ရောင်းချမှု စံချိန်တင်

Alibaba.jpg

တရုတ် e-commerce  ကုမ္ပဏီ Alibaba သည် လွန်ခဲ့သည့် အင်္ဂါနေ့က နိုင်ငံအတွင်း ကျင်းပခဲ့သော Singles Day အတွင်း ကုန်ပစ္စည်း ရောင်းချငွေ ဒေါ်လာ ၉.၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။ Alibaba ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် Singles Day အတွင်း ဝင်ငွေဒေါ်လာ ၅.၇၅ ဘီလီယံရရှိခဲ့ရာ ယခုနှစ်တွင် ၆၂ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ကျင်းပလေ့ရှိသော Singles Day သည် ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်ထွက်သည့် ရက်တစ်ရက် ဖြစ်လာသည်။ Alibaba ကုမ္ပဏီသည် နှစ်စဉ် Singles Day ဈေးဝယ်ရာသီတွင် ကုန်ပစ္စည်းများကို ဈေးလျှော့ပေးလေ့ရှိပြီး အိမ်ထောင်မရှိသူများကို ဈေးဝယ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ Alibaba ကုမ္ပဏီ၏ နောက်ဆုံးကုန်ပစ္စည်း ရောင်းချမှုနှုန်းသည် ဒေါ်လာ ၈.၁၈

ဘီလီယံအထိ ရှိနိုင်ပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်ကို စိတ်ဝင်စားနေကြောင်း ဈေးကွက်သုတေသန ကုမ္ပဏီ IDC မှခန့်မှန်း တွက်ချက်ခဲ့သည်။

Alibaba ၏ Singles Day ကြော်ငြာ အစီအစဉ်တွင် ကုမ္ပဏီပေါင်း ၂၇,၀၀၀ ပူးပေါင်းပါဝင်ခဲ့ပြီး နာမည်ကျော် အနောက်တိုင်း တံဆိပ်များဖြစ်သည့် American Eagle Outfitters, ASOS, Blue Nile, Calvin Klein, Desigual, Juicy Couture နှင့် North Face ကဲ့သို့ အမှတ်တံဆိပ်များ ပါဝင်လာသည်။ Alibaba အနေဖြင့်လည်း လာမည့်သုံးနှစ်မှ လေးနှစ်အတွင်း Singles Day ပွဲတော်ကို ကမ္ဘာတစ်ဝန်း ကျင်းပသွားနိုင်ရန် ရည်မှန်းနေကြောင်း JP Morgan ကုမ္ပဏီမှ ဆန်းစစ်သူ အဲလက်စ်ဟောင်က ပြောကြားသွားခဲ့သည်။

-Ref: Slash Gear