Google Android Auto စနစ် Hyundai ကားများတွင် တွေ့မြင်ရမည်

_83242963_android_sonata.jpg

တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai သည်၎င်း၏ Sonata ကားမော်ဒယ်တွင် Google  ၏  Android Auto စနစ် ထည့်သွင်းသည့် ပထမဆုံး ကားကုမ္ပဏီ ဖြစ်လာကြောင်း သိရသည်။

2015 Sonata sedan နှင့် Android စမတ်ဖုန်း သုံးစွဲသူများသည် လမ်းညွှန်စနစ် ပါဝင်ပါက ၎င်းစနစ်ကို အခမဲ့ download ပြုလုပ်ရန် ကားရောင်းချ သူများထံတွင် စုံစမ်းနိုင်သည်။ ၎င်းစနစ်ကို အသုံးပြုနိုင်ရန် ယာဉ်မောင်း၏ စမတ်ဖုန်းဖြင့် ချိတ်ဆက်ပြီး အသံပါဝင်သော Google Maps ကဲ့သို့ app များကို အသုံးပြုနိုင်ကာ dashboard ပေါ်ရှိ touchscreen သို့မဟုတ် ထိန်းချုပ်သည့် ကိရိယာများဖြင့် ကားကိုမောင်းနှင် နိုင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို ၂၀၁၄ ခုနှစ်တွင် Google ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက Google အနေဖြင့် ၎င်း၏စနစ်ကို dashboard များအတွင်း ထည့်သွင်းရန် Hyundai, Audi နှင့် Honda တို့ဖြင့် ပူးပေါင်းလုပ်ကိုင် လျက်ရှိကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ၎င်းစနစ်ကို မတူညီသည့် အမှတ်တံဆိပ် ၂၈ ခု၌ ပါဝင်လာ စေမည်ဖြစ်ကြောင်း Google က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် Apple သည် အလားတူ သဘောတူညီချက်မျိုးကို BMW, GM နှင့် Honda တို့ဖြင့် ချုပ်ဆိုထားသည်။ Hyudai သည် Kia Motors ကုမ္ပဏီ ပါဝင်သည့် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးကား ထုတ်လုပ်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်။  Hyudai အနေဖြင့်  အခြားကား မော်ဒယ်များတွင်လည်း android စနစ်နှင့်အတူ Apple ၏ CarPlay စနစ်ကို ထည့်သွင်းရန် စီစဉ်လျက်ရှိသည်။

နည်းပညာများသည် ယာဉ်မောင်းလုံခြုံရေးကို ပိုမိုတိုးတက်စွာ ကာကွယ်ပေးနိုင်ကြောင်း၊ စမတ်ဖုန်း မျက်နှာပြင် lock ဖြစ်သည့်အခါ ယာဉ်မောင်းများသည် ဖုန်းကို အသုံးမပြုဘဲ ကားအတွင်းရှိ Android  Auto  စနစ်ဖြင့် အပြန်အလှန် ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း Hyudai က ထုတ်ပြန်ခဲ့သည်။

Ref: BBC