Samsung for Enterprise (SAFE)

Samsung for Enterprise (SAFE) ဆိုသည်မှာ third-party mobile device management (MDM), virtual private network (VPN) software နှင့် တွဲဖက်လုပ်ဆောင်နိုင်ပြီး သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု၊ လုံခြုံရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ထုတ်လုပ်ထားသည့် စမတ်ဖုန်းများနှင့် tablet များကို ဆိုလိုခြင်းဖြစ်သည်။

လုံခြုံရေး ပြဿနာများကို ရင်ဆိုင်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သမျှကို အဆင်သင့် ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး SAFE device များအား အခြားသော Android စမတ်ဖုန်းများ၊ tablet များနှင့် ခွဲထွက်ပြီး ထုတ်လုပ်ရခြင်း ဖြစ်ကြောင်း Samsung မှ ဆိုထားသည်။

Samsung သည် SAFE device များကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် စတင် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ SAFE program ၏ စမတ်ဖုန်းများနှင့် tablet များသည် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို ထောက်ပံ့ထားသည်။

– Microsoft Exchange ActiveSync အတွက် ပိုမိုကောင်းမွန်သည့် အထောက်အပံ့
– VPN ဆက်သွယ်မှု
– 256-bit Advanced Encryption Standard အသုံးပြု on-device encryption
– mobile device management (MDM) component