Kaldr The Ancient Apparition

ancient-apparition-dota2-.jpg

Teamfight Meta မှာ ပြန်လည် မြင်တွေ့လာရတဲ့ Mekansm, Guardian Greave နဲ့ Healer တွေကို Counter ပြန် လုပ်ချင်တဲ့အခါမှာ ထိပ်ဆုံးကနေ ဦးစားပေးစဉ်းစားလေ့ရှိတဲ့ Kaldr The Ancient Apparition ဟာ v6.65 မှာ စတင်ပါဝင်လာခဲ့တဲ့ Intelligence Range Hero တစ်ကောင် ဖြစ်ပါတယ်။ Ganker, Supporter ဖြစ်တဲ့ Kaldr ကတော့ Long Range Ability တွေနဲ့
ဖွဲ့စည်းထားတဲ့အပြင် Ultimate Ice Blast ကလည်း Global Range  Ability ဖြစ်တဲ့အတွက် Teamfight တွေမှာ အသုံးတည့်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ကစားပွဲ အစောပိုင်းနဲ့
အလယ်ပိုင်းမှာ အလိုအလျောက် ကြမ်းတမ်းတဲ့ Ability ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားတဲ့ Ancient Apparition ဟာ ပွဲနောက်ပိုင်းအထိ အသုံးဝင်တဲ့ Disable Healing နဲ့ Shutter Dead ပါဝင်တဲ့ Ultimate ကြောင့် ကစားပွဲ စ၊ လယ်၊ ဆုံး အသုံးဝင်မယ့် Support Ganker Hero တစ်ကောင် ဖြစ်ပါတယ်။

Background Story

Kaldr, The Ancient Apparition ဟာ အချိန်ကာလ ယန္တယားရဲ့ အပြင်ဘက်မှာ ဖြစ်ပေါ်လာတဲ့ ပုံရိပ်သဏ္ဌာန်တစ်ခု ဖြစ်ပါတယ်။ သူဟာ စကြဝဠာကြီး ဖြစ်ပေါ်မလာခင်ကတည်းက အေး
ခဲပြီး အဆုံးမရှိတဲ့ ဟင်းလင်းပြင်နေရာလွတ်အတွင်းမှာ ပေါ်ထွက်လာခြင်းဖြစ်ပြီး စကြဝဠာကြီး အဆုံးသတ်သွားမယ့် အချိန်အထိ တည်ရှိနေမှာ ဖြစ်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာ ကျွန်တော်တို့ ထင်မှတ်ထားတဲ့အတိုင်း အားလုံးရဲ့ မျက်စိရှေ့မှောက်ကို စွမ်းအားပြည့်ဝပြီး မှေးမှိန်နေခဲ့တဲ့ အမှန်တရားရဲ့ ပဲ့တင်သံတို့နဲ့အတူ ထာဝရ Kaldr ဟာ ရောက်ရှိလာခဲ့ပါတယ်။ အများစုကတော့ ပြီးပြည့်စုံတဲ့ စကြဝဠာကြီးရဲ့ အဆုံးသတ်ချိန်ကို တဖြည်းဖြည်း ချဉ်းကပ်လာတာနဲ့အမျှ Kaldr ရဲ့ ရုပ်သွင်ဟာ ပိုမိုငယ်ရွယ်၊ ပျိုမျစ်၊ သန်မာလာကာ  အစဉ်ထာဝရ အဆုံးမရှိခြင်း အဖြစ်သို့ ရောက်သွားမှာဖြစ်တယ်လို့ ထင်မှတ်ထားပါတယ်။ သူ့ရဲ့ အေးခဲသော လက်အစုံဟာ အရာဝတ္ထုများရဲ့ ထာဝရရပ်တန့်ခြင်းကို ဖော်ဆောင်ပေးသွားမှာဖြစ်ပြီး သူ့သဏ္ဌာန်ဟာလည်း မခံရပ်နိုင်လောက်တဲ့ အလင်းရောင်တွေနဲ့ တောက်ပလာမှာ ဖြစ်ပါတယ်။ Kaldr The Ancient Apparition ဟာ သာမန်အသွင်သဏ္ဌာန်ကလေး တစ်ခုမျှ သာ မဟုတ်တော့ပါဘူး။

Side Lane မှာ မိမိဘက်က Disable Hero တစ်ကောင်ကောင်သာ ပါဝင်ခဲ့မယ်ဆိုရင် အလွယ်တကူ Hero Kill Combo ကို ရရှိစေမယ့် Cold Feet ဟာ Disable Ability တစ်ခု ဖြစ်ပါတယ်။ Enemy ဟာ အသုံးပြုခံရတဲ့နေရာကနေ 4 seconds အတွင်း 740 Range ထက် ပိုဝေးအောင် မပြေးနိုင်ဘူးဆိုရင် Disable ကို ဖြစ်ပေါ်စေမှာဖြစ်ပြီး များများယူလေလေ Cooldown ကျပြီး Disable Duration ကြာမှာဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းမှာ Slow သို့မဟုတ် Disable Ally Hero တွေနဲ့သာ တွဲဖက်ထားမယ်ဆိုရင် အစောပိုင်း Easy Kill ကို ပိုင်ဆိုင်နိုင်မှာ  ဖြစ်ပါတယ်။

ကစားပွဲရဲ့ အလယ်ပိုင်းလောက်မှာ အကြီးမားဆုံး ဒုက္ခပေးမယ့် Ice Votex ကတော့ အသုံးပြုလိုက်မယ့် 275 AoE အတွင်းမှာ Movement Speed Slow နဲ့ Magic Resistance ကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ Movement Speed Slow ဟာ Ice Vortex ရဲ့ အဓိက အားသာချက်ဖြစ်ပေမယ့် Cast Range 1500 ရှိပြီး 200 AoE Vision ကို ရရှိခြင်းကြောင့် Enemy Team လှုပ်ရှားမှုကို အချိန်တိုအတွင်း Scout ချဖို့အတွက် အသုံးပြုနိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။

ပထမဦးဆုံး lvl 1 မှာ Chilling Touch ကို စတင်ယူလေ့ရှိပါတယ်။ အကြောင်းက အသုံးပြုလိုက်တဲ့ 525 AoE အတွင်းမှာရှိသမျှ Ally Hero များ အားလုံးဟာ နောက်လာမယ့် မိမိရဲ့ Physical Attack ၃ ချက်မှာ 50 Magic Damage ကို Bonus အဖြစ် ပေါင်းနေမှာဖြစ်တဲ့ အတွက်ပါပဲ။ တစ်ဖက်အသင်းက Enemy Hero တွေကို နှိမ်ဖို့အတွက် Spell တွေ အများကြီး သုံးနေစရာ
မလိုဘဲ Physical တိုက်ခိုက်မှုနဲ့ တင်နှိမ်နိုင်သလို အစောပိုင်း Creep Last Hit ကိုလည်း ပိုမို ကျိန်းသေစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Chilling Touch ရရှိထားတဲ့ Ally Hero ဟာ -20 Attack Speed ကို ဖြစ်ပေါ်စေမှာဖြစ်လို့ အခြေအနေကြည့်ပြီး သုံးပေးရမှာ ဖြစ်ပါတယ်။ v6.84 Patch မှာတော့ Chilling Touch ရရှိထားတဲ့ Hero တစ်ကောင်ဟာ Attack Speed Slow မှာကို မလိုလားဘူးဆိုရင် Status Bar ပေါ်မှာ Chilling Touch Icon ကို နှိပ်ပြီး မိမိဘာသာ ဖျက်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။

Ultimate Ice Blast ဟာ Global Ability ဖြစ်တာနဲ့အညီ ဝေးဝေးကို သုံးလေ AoE ကြီးလာမှာ ဖြစ်ပါတယ်။ Ice Blast ထိသွားတဲ့ AoE အတွင်းမှာ Initial AoE Damage သက်ရောက်မှာဖြစ်ပြီး 8/9/10 seconds ကြာမယ့် Damage per Second ကိုလည်း ဆက်လက် ခံစားရပါမယ်။ အဓိက အားသာချက်ကတော့ အဆိုပါ Debuff Duration မှာ Healing Effect တွေအားလုံး Disable ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်အသင်းက Healer တွေ ထုတ်လိုက်ပြီဆိုတာနဲ့ Kaldr ဟာ ဦးစားပေးစဉ်းစားတဲ့ Hero တစ်ကောင်ဖြစ်လာရခြင်းပါပဲ။ v6.78 ကနေ စပြီး Aghanim’s Secpter စပ်ခွင့်ရှိသွားတဲ့ Ice Blast ဟာ Duration ကို 17 seconds အထိ ကြာစေမှာဖြစ်လို့ Kaldr ဟာ Late Game အထိ အသုံးဝင်တဲ့ Support Hero တစ်ကောင် ဖြစ်လာပါတယ်။ အဆိုပါ Debuff Duration မှာ Enemy Hero ရဲ့ Hp ဟာ 10%/ 11%/ 12% အောက်ကို ရောက်သွားမယ်ဆိုရင် နေရာမှာတင် ချက်ချင်းသေ
သွားမယ့် Physical Damage ကို ဖြစ်ပေါ်စေဦးမှာပါ။

Kaldr ရဲ့ Ability ဖွဲ့စည်းပုံဟာ အစောပိုင်းမှာ တစ်ကိုယ်တော် လှုပ်ရှားရတာထက် Ally တစ်ကောင်ကောင်နဲ့ တွဲသုံးခြင်းက များစွာ အကျိုးရှိစေပါတယ်။ Vengeful Spirit, Sven, Ogre Magi, Lion စတဲ့ Ganking Support Hero တွေနဲ့ Roamer ပုံစံ ဆော့ခဲ့မယ်ဆိုရင် တစ်ဖက်အသင်းရဲ့ Mid Lane နဲ့ Safe Lane က Core Hero တွေဟာ များစွာ ဒုက္ခရောက်သွားနိုင်တဲ့အတွက်
တကယ်လို့ သင်က Clan တစ်ခု သတ်သတ်မှတ်မှတ်ရှိပြီး Support ကစားတဲ့သူဖြစ်မယ်ဆိုရင် လေ့ကျင့်သင့်တဲ့ Hero စာရင်းထဲမှာ Kaldr ကို ထည့်ထားသင့်ပါတယ်။ Kaldr ကစားသမား တစ်ယောက်အနေနဲ့ အဓိကအကျဆုံး လိုအပ်ချက်မှာ Map Awareness နဲ့ Timing Skill ပဲ ဖြစ်ပါတယ်။ 1500 Speed ရှိတဲ့ Ultimate ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မယ့် Battle တစ်ခုအတွင်း မိမိ Ally တွေနဲ့အတူ အချိန်အတိအကျ ကျရောက်အောင် သုံးနိုင်ဖို့ အတန်အသင့် လေ့ကျင့်ထားဖို့လိုပြီး လေ့ကျင့်ရင် ကျင့်သလောက် အကျိုးရှိမယ့် Wombo Combo စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ Hp နည်းလွန်းတဲ့အတွက် အစောပိုင်း Roamer ပုံစံ ဆော့တဲ့အခါမှာ တစ်ဖက် Hero က ပြန်လည် တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုးမှာ မသေရလေအောင် နေတတ်ထိုင်တတ်ဖို့လည်း အလွန် အရေးကြီးပါတယ်။ Kaldr The Ancient Apparition ဟာ Strong ဖြစ်တဲ့ Hero ဖြစ်တာနဲ့အညီ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်နိုင်ဖို့ အချိန်ပေး လေ့ကျင့်ဖို့ လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်လို့ မိမိအသင်းအတွက် များစွာ အသုံးတည့်မယ့် Support, Ganker, Initiator Hero တစ်ကောင်အဖြစ် စာရင်းလျာထားနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

yahooyeeha