Snapchat သုံးစွဲသူများ နေ့စဉ်ဗွီဒီယို ကြည့်ရှုသူ ၂ ဘီလီယံခန့်ရှိ

snapchat.jpg

Snapchat သုံးစွဲသူများသည် နေ့စဉ်နှင့်အမျှ ဗွီဒီယို ၂ ဘီလီယံခန့် ကြည့်ရှုကြောင်း Bloomberg မှပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် Snapchat အမှုဆောင် အရာရှိချုပ် အီဗန်စပီဂျယ်က ပြောကြားသွားခဲ့သည်။

ထိုသို့ Snapchat သုံးစွဲသူများ၏ နေ့စဉ်ဗွီဒီယို ကြည့်ရှုမှု အရေအတွက် ထက်ဝက်ခန့်သည် Facebook တွင် ၎င်း၏ သုံးစွဲသူများ ဗွီဒီယိုကြည့်ရှုသည့်နှုန်း ဖြစ်သည်။ သို့သော်လည်း Snapchat ၏ဗွီဒီယို ကြည့်ရှုမှုနှုန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ၌ ဗွီဒီယို feature နောက်ပိုင်း လေးနှစ်အကြာတွင် တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။ Facebook အနေဖြင့် ဗွီဒီယို feature ကို ၂၀၀၄ ခုနှစ် တစ်ဝိုက်က စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် Snapchat ကို အသုံးပြုသူများသည် Facebook  သုံးစွဲသူများထက် နည်းပါးသည်။ ၂၀၁၅ ခုနှစ် မတ်လ စစ်တမ်းတစ်ခုအရ Facebook ကို လစဉ်သုံးစွဲသူ ၁.၄၄ ဘီလီယံ ရှိသော်လည်း သြဂုတ်လ နှောင်းပိုင်းတွင် Wall Stree Journal ၏ ဖော်ပြချက်အရ Snapchat အား လစဉ်သုံးစွဲသူ သန်း ၁၀၀ ခန့်ရှိကြောင်း သိရသည်။

Snapchat သည် Facebook ထက် သုံးစွဲသူ နည်းပါးသော်လည်း ဗွီဒီယို ကြည့်ရှုမှုနှုန်းတွင် Facebook ကို အသာရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ Snapchat ဝန်ဆောင်မှုကို အမေရိကန် နိုင်ငံရှိ အသက် ၁၃ နှစ်မှ ၃၄ နှစ်အရွယ်ရှိ စမတ်ဖုန်း သုံးစွဲသူ ၆၀ ရာခိုင်နှုန်းကျော်က သုံးစွဲလျက်ရှိကြောင်း  Bloomberg သို့ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီဗန်စပီဂျယ်က ထုတ်ဖော်ပြောကြားခဲ့သည်။

Snapchat အနေဖြင့် စက္ကန့်အနည်းငယ်ခန့်ရှိသော ဗွီဒီယို ကြော်ငြာတစ်ခုအတွက် ကြော်ငြာရှင်များကို ကန်ဒေါ်လာ ၇၅၀,၀၀၀ ကောက်ခံပြီး အဆိုပါ ကြော်ငြာဗွီဒီယိုများမှာ ၂၄ နာရီ ကြာပြီးနောက် ပျောက်သွားမည်ဖြစ်သည်။ ထိုသို့ကြော်ငြာ ဈေးနှုန်းကြီးမြင့်မှုကြောင့် ကြော်ငြာရှင် တချို့မှာ လက်ရှောင်ခဲ့သည်။ သို့ရာတွင် ယခုအခါတွင် Snapchat သည် ကြော်ငြာဈေးနှုန်းကို ကန်ဒေါ်လာ ၁၅၀,၀၀၀ အထိဈေးနှုန်း လျှော့ချလိုက်ပြီဖြစ်ကြောင်း Bloomberg ကဖော်ပြခဲ့သည်။

Ref: BusinessInsider