Android OS ပေါ်တွင် Browser များတွင် Search Engine များရွေးချယ် သတ်မှတ်ခြင်း

Screenshot_2015-06-02-08-58-16.jpg

Android OS အသုံးပြုသူများ အနေနဲ့ အင်တာနက် အသုံးပြုတဲ့အခါ Chrome, Mozilla အစရှိတဲ့ Browser တွေ သုံးမိတယ်ဆိုရင် ကိုယ့်ရဲ့ Browser မှာ Search Engine ကို ဖွင့်လိုက်တာနဲ့ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် Search Engine ကို သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Search Engine ကို Chrome, Firefox အစရှိတာတွေမှာ Default အဖြစ် သတ်မှတ်ထားနိုင်စေဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Android OS မှာ သုံးပြုတဲ့ Firefox Browser ပေါ်မှာ Default Search Engine သတ်မှတ်ရန်အတွက် Firefox Browser ကိုဖွင့်ပြီး Settings ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ Settings ကို ရွေးချယ်ပြီးသွားပြီဆိုရင် Customize ဆိုတာကို ထပ်မံရွေးချယ် ပေးရမှာဖြစ်ပါတယ်။ Customize ကိုရွေးချယ်ပြီးသွားရင် Search ဆိုတာကို ထပ်မံရွေးချယ် ပေးရမှာဖြစ်ပါတယ်။ Search ကိုနှိပ်ပြီးရင် နှစ်သက်ရာ Search Engine ကို ရွေးချယ်ပြီး သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Chrome Browser ကို အသုံးပြုသူများအတွက်ကတော့ Chrome Browser ကိုဖွင့်ပြီး Settings ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Settings ထဲကို ရောက်ပြီဆိုရင် Settings မှာ အပိုင်းနှစ်ပိုင်း ခွဲခြားပေးထား ပါတယ်။ Basic နှင့် Advanced ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားပေးထားရာမှာ Basic ဆိုတဲ့နေရာမှာ အပေါ်ဆုံးမှာ Search Engine ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

အဆိုပါ Search Engine ကို နှိပ်လိုက်တယ်ဆိုရင် Google , Bing, Yahoo, Ask, AOL အစရှိတဲ့ Search Engine တွေကို ထည့်သွင်းထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီအထဲက ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြီး ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OS အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာ Chrome နဲ့ Firefox ထည့်သွင်းထားတယ်ဆိုရင် Default Search Engine ကို သတ်မှတ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။