WeChat ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်

11165330_974215235962256_2361821556841467521_n.jpg

လူမှုဆက်သွယ်ရေး Application တစ်ခုဖြစ်သော WeChat ကို မြန်မာဘာသာဖြင့် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း We Chat Myanmar မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ Application သည် ၂၀၁၁ ခုနှစ်က စတင်မိတ်ဆက်ခဲ့သော လူမှုဆက်သွယ်ရေး Application တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ တစ်လလျှင် ပုံမှန်အသုံးပြုသူ အရေ အတွက် ၅၄၉ သန်းခန့်ရှိသည်ဟု သိရသည်။ လက်ရှိအချိန်၌ We Chat ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများနှင့် စာသား သို့မဟုတ် အသံ သို့မဟုတ် ဗီဒီယိုစနစ်တို့ကို အသုံးချ၍ ဆက်သွယ်ပြောဆိုနိုင်သည့်အပြင် မြန်မာစတေကာများ ပေးပို့ခြင်းဖြင့်လည်း ပြုလုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် WeChatMyanmar စာမျက်နှာနှင့် ချိတ်ဆက်ပြီး ၎င်းတို့၏ သတင်းများကို လေ့လာခြင်း WeChat ၏ စတစ်ကာစတိုးတွင် မြန်မာစတစ်ကာများကို ရယူခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။