Apple MacBook Air (13-inch, 2015)

Untitled-1.jpg

အားသာချက်

Apple ၏ MacBook Air 2015 ဗားရှင်းတွင် မျိုးဆက်သစ် ပရိုဆက်ဆာ ပါဝင်လာသောကြောင့် ဘက်ထရီ သက်တမ်းပိုမို ကောင်းမွန်လာသည်။ ထို့အပြင် MacBook Air ကို ပါးလွှာပေါ့ပါးသည့် သတ္တုဖြင့်ဖန်တီး ထားသည်။

အားနည်းချက်

MacBook Air 2015 သည် လွန်ခဲ့သည့်နှစ် အနည်းငယ်က ထွက်ရှိခဲ့သော MacBook Air ကို ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားသည့် laptop တစ်မျိုးဖြစ်သည်။ လက်ရှိအချိန်တွင် ထွက်ပေါ်နေသည့် laptop များသည် အသုံးချမှု၊ ဘက်ထရီ သက်တမ်းနှင့် ဒီဇိုင်းပိုင်းတွင် MacBook Air ထက် ပိုမိုဆန်းသစ်လျက် ရှိသည်။ MacBook Air ၏အရည်အသွေး နိမ့်ပါးသည့် မျက်နှာပြင်ကြောင့် သုံးစွဲရာတွင် ခေတ်နောက်ကျသည့် ခံစားမှုမျိုး ရရှိမည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

မျက်နှာပြင်အရွယ် ၁၃.၃ လက်မရှိ MacBook Air သည် အသုံးဝင်မှုရှိသည့် laptop ဖြစ်လျက်ရှိသော်လည်း အရည်အသွေးနိမ့် display နှင့် ဒီဇိုင်းပိုင်းတို့မှာ ခေတ်မီခြင်း မရှိတော့ပေ။ ၎င်း  laptop  တွင် အလွန်ကောင်းမွန်သော keyboard နှင့် touchpad တို့ပါဝင်လာသည်။ ထို့အပြင် MacBook Air ၏ရုပ်ထွက် အရည်အသွေးမှာ 1,440×900 ရှိပြီး CPU မှာ Intel Core i5-5250U ဖြစ်သည်။ MacBook Air ၏ Memory မှာ 4GB DDR3, Graphics 1536MB  Intel  HD  Iris  Graphics  6000, storage 128GB SSD နှင့် Bluetooth 4.0 တို့ပါဝင်လာသည်။ Apple ၏ MacBook Air 2015 ဗားရှင်းတွင် OS X Yosemite 10.10.2 ပါဝင်သည်။

ဘက်ထရီ

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့် Apple MacBook Air ဘက်ထရီကို စမ်းသပ်ခဲ့ရာ ၁၄ နာရီနှင့် ၂၅ မိနစ်အထိ ဗီဒီယို ကြည့်နိုင်သည်။ MacBook Air 2015 ဗားရှင်းတွင်မူ ၁၈ နာရီခန့်အထိ ဗီဒီယိုများ ကြည့်ရှုနိုင်သည်။