Ubuntu Desktop တွင် Conky Color ကို ထည့်သွင်းခြင်း

conky_colors_by_helmuthdu-d41qrmk.jpg

Ubuntu OS သုံးစွဲ နေသူတွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ Desktop သွင်ပြင်ကို အသုံးမပြုချင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊  မြင်ကွင်း အပြောင်းအလဲတွေကို အစားထိုးသုံးစွဲလိုတဲ့ အခါမှာဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ Themes ပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။ Conky ဟာ CPU, Motherboard, Hard Disk အစရှိသည်တို့ရဲ့ အပူချိန်များကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

Conky Color ကို ထည့်သွင်းတော့မယ်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ  ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Conky Color ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install conkyconky-all

ဆိုတဲ့ Command ပဲ ဖြစ်ပါတယ်။ နောက်ထပ် Required Packages အတွက် Command များစွာလည်း ရှိပါသေးတယ်။ Requires Package တွေအတွက်  အသုံးပြုရမယ့် Command ကတော့ –

sudo apt-get install python-statgrabttf-droid curl ဆိုတဲ့ Command ဖြစ်ပြီး၊ HDD Temperature တွေကို သိဖို့အတွက် ထည့်သွင်းပြီး အသုံးပြုရမယ့် Command ကတော့ –

sudo apt-get install lm-sensors hddtemp ဆိုတဲ့ Command ဖြစ်ပါတယ်။ Sensor တွေ အလုပ်လုပ် နိုင်ဖို့အတွက် –

sudo sensors-detect sudo /etc/init.d/module-init-tools start အစရှိတဲ့ Command တွေပဲဖြစ်ပါတယ်။ အဆိုပါ အဆင့်တွေ ပြီးပြီဆိုရင် sudo shutdown -r now ဆိုတဲ့ Command ကိုအသုံးပြုပြီး Ubuntu OS ကို restart ပြုလုပ်ပေးလိုက်ပါ။ ပြန်တက်လာရင်တော့ Conky ကိုရွေးချယ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။