iOS နှင့် Android ထုတ်ကုန်များအတွက် virtual assistant Cortana ကို Microsoft ဖြန့်ချိမည်

ht_microsoft_cortana_jc_150526_16x9_992.jpg

Microsoft သည်၎င်း၏ virtual personal assistant Cortana ကို iOS နှင့် Android platform များသို့ ဖြန့်ချိသွားတော့မည် ဖြစ်သည်။

Microsoft ၏ operating systems အဖွဲ့အကြီးအကဲ ဂျိုးဘဲလ်ဖီအိုရီက Cortana သည်ယခုနှစ်တွင် Windows 10 ၌ထွက်ရှိပြီးနောက် Android နှင့် iOS ထုတ်ကုန်များအတွက် ထွက်ရှိလာမည်ဖြစ်ကြောင်း blog post မှ ရေးသားခဲ့သည်။ ဖုန်းနှင့်အတူ တွဲဖက်အသုံးပြုရသော Cortana သည် Windows 10 တွင်လည်း ပါဝင်လာပြီး  သုံးစွဲသူများ၏ မိုဘိုင်းထုတ်ကုန်များ သို့မဟုတ် တစ်ကိုယ်ရေ ကွန်ပျူတာများအကြား sync ပြုလုပ်၍ အသုံးပြုနိုင်မည်ဟု ဘဲလ်ဖီအိုရီက ပြောဆိုခဲ့သည်။ Windows phone သုံးစွဲသူများအနေဖြင့် Cortana app ကို Android နှင့် iPhone သုံးစွဲသူများထက် စောလျင်စွာ သုံးစွဲနိုင်မည် ဖြစ်သည်။

သုံးစွဲသူက စတိုးဆိုင်သို့ ရောက်နေချိန်တွင် နွားနို့ဝယ်ယူ နိုင်ရန်အတွက် Cortana မှသတိပေးစေရန် ပြုလုပ်ထားနိုင်ကြောင်း၊ ထို့နောက် သုံးစွဲသူ၏ဖုန်းမှ သတိပေးချက်နှင့်အတူ အသံဖြင့်နွားနို့ ဝယ်ရန်သတိပေး သွားမည်လည်း ဖြစ်ကြောင်း၊ Cortana companion app သည် မည်သည့်နေရာ၌မဆို ဖုန်းတွင်ဖြစ်စေ၊ PC တွင်ဖြစ်စေ စတင်သည့် အလုပ်တစ်ခုကို ပြီးမြောက်အောင် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဘဲလ်ဖီအိုရီက ရေးသားခဲ့သည်။

Ref: ABCNews