CCNA ဘာသာရပ်တွင် အမှတ် ၁,၀၀၀ ဖြင့် အောင်မြင်ခဲ့သော မောင်အောင်မြတ်စည်သူ

Aung-Myat-Si-Thu-(1).jpg

ဒီအပတ်မှာတော့ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တဲ့ မောင်အောင်မြတ်စည်သူရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်နဲ့ လက်ရှိ အလုပ် အကိုင်ကို သိပါရစေ။

ကျွန်တော့်နာမည် အောင်မြတ်စည်သူ ဖြစ်ပါတယ်။ ကျွန်တော်က CB  Bank (Co-operative Bank Ltd.) မှာ Senior Associate Network Engineer တစ်ယောက်အဖြစ်နဲ့ (Network Team) မှာ တာဝန်ထမ်းဆောင်နေပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။

CCNA စာမေးပွဲကို အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တာကတော့ YOUTH Computer မှ ဆရာဦးဇော်လင်း Certified Ciso System Instructor (#CCSI 34928) မှ ဦးစီးသင်ကြားပေးသော Theory နှင့် Concept များကို သေချာလေ့လာ မှတ်သားပါတယ်။ လက်ထောက်ဆရာနှင့် ဆရာမတို့မှ Cisco LAB ပြုလုပ်ရာမှာ စိတ်ရှည် စွာနဲ့ ကျောင်းသား၊ ကျောင်းသူများကို နားလည်တဲ့အထိ ရှင်းပြပေးပါတယ်။ အလုပ်တစ်ဖက်နဲ့ဆိုတော့ အလုပ်အားနေတဲ့ အချိန်တွေမှာ သင်တန်းကပေးလိုက်တဲ့ Homework တွေကို ပြီးမြောက်အောင် လုပ်ပါတယ်။ စာသင်ချိန်ပြီးသွားရင် Lab များလေ့ကျင့်ဖို့အတွက် ဆရာမ Real Cisco Device များနဲ့ သင်ကြားပေးသလို လက်ထောက်ဆရာမှလည်း Packet Tracer, GNS3 အသုံးပြုပြီး လေ့ကျင့်နိုင်အောင် စနစ်တကျ သင်ကြားပေးပါတယ်။ CCNA စာမေးပွဲဖြေတဲ့ အခါမှာလည်း CCNA Exam အတွက် လက်ထောက်ဆရာ၊ ဆရာမများနဲ့အတူ မေးခွန်းဟောင်းများနဲ့ Up to Date မေးခွန်းများကို ပြန်လည်လေ့ကျင့်ခဲ့ရပါတယ်။ ဒါကြောင့် CCNA Exam စာမေးပွဲကို အမှတ် ၁,၀၀၀ အပြည့်နဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဘာသာရပ်ကိုရော ဘာကြောင့်တက်ဖြစ်တာလဲ။

CCNA ကမြန်မာပြည်မှာ အရမ်းကိုခေတ်စားနေတဲ့ အိုင်တီ ဘာသာရပ်တစ်ခု အပါအဝင်ပါ။ ဒါကြောင့် လည်း Network Engineering သင်တန်းပြီးတာနဲ့ CCNA သင်တန်းကို တက်ကြပါတယ်။ ကျွန်တော်ကတော့ Network Engineering တစ်ယောက်အဖြစ် ရပ်တည်ဖို့အတွက် CCNA သင်တန်းတက်ပြီး စာမေးပွဲဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ CCNA သင်တန်းမတက်ခင် ဆရာဦးဇော်လင်းရေးသားထားတဲ့ Road to CCNA စာအုပ်ကိုဝယ်ပြီး အရင်လေ့လာခဲ့ပြီးမှ သင်တန်းကို တက်ဖြစ်တာပါ။

ဒီဘာသာရပ်နဲ့ ဆက်နွှယ်တဲ့ နောက်ထပ်ဘာသာရပ်တွေကို ထပ်ပြီးလေ့လာဖို့ရှိသလား။

Exam အောင်မြင်သွားပြီးရင် ဒီအတိုင်းရပ်မနေပါနဲ့။ ကိုယ့်အတွက် ဘာတွေလိုအပ်နေလဲဆိုတာ ဆရာတွေနဲ့တိုင်ပင်ပါ။ ဆရာတွေရဲ့ စကားကို နားထောင်ပြီး ကိုယ်က ဘယ်လမ်းကြောင်းကို လျှောက်သင့်လဲဆိုတာကို သိမှာပါ။ CCNA ပြီးသွားရင် သင်ယူဖို့ ဘာသာရပ်တွေက အများကြီးပဲ။ ကိုယ်နဲ့သင့်လျော်တာကို လေ့လာလိုက်စားဖို့ လိုအပ်မှာဖြစ်ပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ ရရှိခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲ။

CNNA Exam မှာ အမှတ် ၁,၀၀၀ ရတော့ ကျွန်တော်အရမ်းပျော်မိသွားပါတယ်။ ကိုယ့်ကိုယ်ကိုတောင် မထင် ထားဘူး။ ကျွန်တော် အမှတ် ၁,၀၀၀ ရတာကလည်း Unseen မေးခွန်းတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လို့ ကျွန်တော်ရခဲ့တာပါ။ ဒါတွေကလည်း ကျွန်တော့်ကို သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကြောင့် ရခဲ့တာပါ။ အမှတ် ၁,၀၀၀ ဆိုတာက အင်မတန်မှ ရဖို့ခဲယဉ်းပါတယ်။ သူများတွေကတော့ လွယ်တယ်ဆိုတာ ပြောနေကြတယ်။ တကယ်တမ်း ဝင်ဖြေကြည့်ပါ။ မလွယ်ကူနိုင်ပါဘူး။ အောင်ဖို့ကတော့ ဖြစ်နိုင်ပါတယ်။ အမှတ် ၁,၀၀၀ ရဖို့ကတော့ မလွယ်လောက်ပါဘူး။ ကိုယ်ကိုယ်တိုင် ဖြေခဲ့ရလို့ပါ။ တကယ်အမှတ် ၁,၀၀၀ နဲ့အောင်မြင်ချင်တယ် ဆိုရင်တော့ မိမိရဲ့ ကံ၊ ဉာဏ်၊ ၀ီရိယတို့နှင့်အတူ ဆရာသမားကောင်းတို့နှင့် ပေါင်းစည်းကာကြိုးစားမယ်ဆိုရင် CCNA-Socre 1,000 ဆိုတာ မလွဲချော်နိုင်ပါဘူး။

CCNA နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံကိုလည်း ပြောပြပေးပါဦး။

YOUTH Computer မှာ CCNA နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံကတော့ Certified CiscoSystems Instructor ဆရာကိုဇော်လင်း (#CCSI 34928) မှ ဦးစီးပြီး Theory နှင့် Concept များကို သင်ကြားပေးပါတယ်။ လက်ထောက် ဆရာကနေမှ Simulati၀n တွေကို Packet Tracer, GNS3 တို့နှင့်အတူ လေ့ကျင့်ပေးပြီး Lab ပိုင်းတော့ Lab တာဝန်ခံဆရာမကနေမှ Lab ခန်းထဲမှာ Real Cisco Devices မျိုးစုံနဲ့ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးပါတယ်။ သင်တန်းပြီးသွားပြီဆိုရင်တော့ YOUTH Computer Test Center မှာဖြေလို့ရပါတယ်။ မဖြေခင်မှာ Exam အတွက်ကတော့ သက်ဆိုင်ရာ ဆရာတွေဆီမှာ Pre-Test ကို ၂ ကြိမ်ဖြေဆိုရပါတယ်။ အဲဒီမှာ အဆင်ပြေချောမွေ့ စွာ ဖြေဆိုနိုင်မှာသာလျှင် CCNA Exam ကို ဝင်ရောက် ဖြေဆိုခွင့်ပေးပါတယ်။

CCNA နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေ အတွက် အကြံပြုပြောစကားပြော ပေးပါဦး။

Network Engineer တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုရင် CCNA Exam ကို မဖြစ်မနေဖြေဆိုရမှာ ဖြစ်ပါတယ်။ CCNA Exam ဖြေဆိုပြီးသွားပြီ ဆိုရင်တော့ Cisco မှ အခြား ရွေးချယ်စရာလမ်း ကြောင်းတွေဖြစ်တဲ့ CCNA Security, Wireless, Data Center, CCNP Routing & Switching, CCNA Design အစရှိတဲ့ လမ်းကြောင်းတွေထဲက ကိုယ်ဝါသနာပါတဲ့ ဘယ်လမ်းကြောင်းနဲ့ သင့်တော်လဲဆိုတာကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပါ။ ဆရာတွေနဲ့ တိုင်ပင်ပါ။ ဆုံးဖြတ်ချက်တော့ မမှားပါနဲ့။ ဆုံးဖြတ်ချက်မှားတာနဲ့ ကိုယ်လေ့လာနေတာတွေ အလကားဖြစ်မှာ စိုးလို့ပါ။ CCNA Exam ကို တကယ်ဖြေမယ်ဆိုရင် မေးခွန်းဟောင်းတွေကို ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ Simulation များကို Packet tracer နှင့် GNS3 တို့ကို ပိုင်နိုင်အောင် လေ့ကျင့်ပါ။ ဆရာဦးဇော်လင်း သင်ကြားပေးတဲ့ Theory Concept တွေကြောင့် Unseen မေးခွန်းများကို ဖြေဆိုနိုင်တာပါ။ ကျောင်းသား၊ ကျောင်းသူတွေလည်း ဆရာတွေ စာသင်ချိန်မှာ စာကိုအာရုံစိုက်ပြီး ဂရုတစိုက်နားထောင်ပါ။ ကျွန်တော်ကတော့ YOUTHComputer Advanced ICT Training Center မှာပဲ CCNA Security ဆက်ပြီးတော့ တက်ရောက်နေပါတယ်။

ဒီဘာသာရပ်ပြီးမြောက်တဲ့အ ခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီး လေ့လာသင့်သလဲ။

CCNA ပြီးသွားရင် သင်ယူဖို့ ဘာသာရပ်တွေကအများကြီးပဲ။ ဒါတွေကို ထပ်ပြီးလေ့လာလိုက်စားဖို့ လိုအပ်မှာဖြစ်ပါတယ်။