Ooredoo က နိုင်ငံတကာဖုန်းခေါ်ဆိုခ နှုန်းထားများကိုလည်း ထပ်မံလျှော့ချပေး

10600552_10152513767092825_1460002153026576216_n.jpg

Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် မိုဘိုင်းအင်တာနက် အသုံးပြုခ Package Plan နှုန်းထားများကို အသီးသီးလျှော့ချပြီးနောက်တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခများကိုလည်း ထပ်မံလျှော့ချလိုက်ပြီ ဖြစ်သည်။

ယခုလျှော့ချလိုက်သည့် Ooredoo ၏ နိုင်ငံ ၄၆ နိုင်ငံသို့ ဖုန်းခေါ်ဆိုခများတွင် အချို့သော နိုင်ငံများသို့ ခေါ်ဆိုခများသည် ယခင် သတ်မှတ်နှုန်းထားများထက် ပိုမိုသက်သာသွားပြီး အချို့နိုင်ငံများကို အနည်းငယ် လျှော့ချပေးထားသည်။ Ooredoo ၏ ဆက်သွယ်ရေးကွန်ရက်မှ နိုင်ငံတကာ မိုဘိုင်းဖုန်းများသို့ ဖုန်းခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့်နိုင်ငံ၏ ကုဒ်နံပါတ်နှင့် ရှေ့ဆုံးမှ ၀ (သုည) မပါဘဲ ခေါ်ဆိုနိုင်ကြောင်းသိရသည်။

နိုင်ငံတကာ လိုင်းဖုန်းများသို့ Ooredoo ၏ မိုဘိုင်းဖုန်းများမှတစ်ဆင့် ခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့် နိုင်ငံ၏ ကုဒ်နံပါတ်နှင့် နယ်မြေဒေသ၏ နံပါတ်၊ မိမိခေါ်ဆိုလိုသည့် လိုင်း ဖုန်း နံပါတ်ကို နှိပ်ပြီးခေါ်ဆိုနိုင်မည်ဖြစ်သည်။