MBA Program ထူထောင်ခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲနှင့် MBA HR Forum ကျင်းပ

IMG_0068.jpg

MBA Program ထူထောင်ခြင်း နှစ် (၂၀) ပြည့်အထိမ်းအမှတ်ပွဲနှင့် MBA HR Forum ပွဲကို မေလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ရန်ကုန်စီပွားရေး တက္ကသိုလ်ရှိ ပတ္တမြားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓာတ်ပုံပြပွဲနှင့် ပတ္တမြားစာကြည့်တိုက်မွမ်းမံပြင်ဆင်ပွဲ ဖွင့်ပွဲအခမ်းအနားအား  ပါမောက္ခ ဒေါက်တာ ရီရီမြင့်မှ ဖွင့်လှစ်ပေးခဲ့သည်။ MBA Program ထူထောင်ခြင်း နှစ်(၂၀)ပြည့်အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာခင်စန်းရီမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး MBA HR Forum အခမ်းနားအား နံနက် ၁၀ နာရီ ခွဲမှ  ညနေ ၅ နာရီခွဲအထိ ဆွေးနွေးဟောပြောခဲ့ကာ အခမ်းအနားသို့ MBA ကျောင်းသား၊ ကျောင်းသူအများအပြား တက်ရောက်ခဲ့ကြသည်။