Memory Paging

Memory paging ဆိုသည်မှာ ကွန်ပျူတာတစ်လုံး သို့မဟုတ် virual machine (VM) တစ်ခုက ဝေမျှထားသော memory ရင်းမြစ်များကို ထိန်းချုပ်နိုင်မည့် memory စီမံခန့်ခွဲမှု နည်းလမ်းတစ်ရပ် ဖြစ်သည်။

ကွန်ပျူတာတစ်လုံးတွင် တပ်ဆင်ထားသော memory ကို physical memory ဟုခေါ်သည်။ Physical memory မဟုတ်သည့် virtual memory သည် ကွန်ပျူတာ၏ RAM အတိုင်းလုပ်ဆောင်နိုင်သော hard disk အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ Virtual memory ၏ အယူအဆ သဘောတရားသည် ကွန်ပျူတာတွင် တပ်ဆင်ထားသော RAM (physical memory) များ အလွန်ဈေးကြီးသည့် အချိန်က ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ Physical memory ကဲ့သို့ လုပ်ဆောင်နိုင်သော hard disk ၏ အစိတ်အပိုင်းကို page file ဟု ခေါ်ဆိုသည်။

ကွန်ပျူတာတစ်လုံးတွင် RAM ပမာဏ နည်းပါးသည့်အခါ operating system (OS) က virtual memory ၏ page များကို ကွန်ပျူတာ၏ hard disk ထံ ရွှေ့ပြောင်းပြီး RAM ကို အခြား လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးသည်။ ထို့အတွက် operating system က memory မလုံလောက်ခြင်းနှင့် ရုတ်တရက် ချွတ်ယွင်းမှု ဖြစ်ပေါ်ခြင်းတို့ကို မည်သည့်အခါမှ မဖြစ်ပေါ်စေနိုင်ပါ။ RAM က disk memory ထက် လျင်မြန်စွာ လည်ပတ် လုပ်ဆောင်နိုင်သောကြောင့် memory paging အပေါ် အလွန်အကျွံ ယုံကြည် အားထားခြင်းက စွမ်းဆောင်ရည် အပိုင်းကို အားလျော့စေပါသည်။ Operting system က page များကို ရွှေ့ပြောင်းတိုင်းမှာ disk ၏ လုပ်ဆောင်ချက် လိုက်မီရန်အတွက် စောင့်ဆိုင်းရသည်။ ထို့ကြောင့် page file အများအပြားကို ရွှေ့ပြောင်းသည့်အခါမှာ စွမ်းဆောင်ရည်ကို လျော့နည်းစေခြင်း ဖြစ်သည်။