Squarge Free

Square.jpg

ဥာဏ်စမ်းဂိမ်းများကိုသာ နှစ်သက်သူများအတွက် Squarge Free ဆိုသည့် ဂိမ်းသည် အရောင်တူညီသည့် အကွက်လေးများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်စေရန်အတွက် ရွှေ့ပေးရမည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အမှတ်အများဆုံး ရရှိနိုင်ရန် ကစားရမည့် ကစားနည်းတစ်မျိုးလည်း ဖြစ်သည်။

အဆိုပါ App ကို Play Store တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ Android Version 2.3 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။