Softphone

Software နဲ့ telephone တို့ကို ပေါင်းစပ်ထားတဲ့ Softphone ဆိုတာကတော့ computing device တွေကနေ voice over Internet Protocol (VoIP) နဲ့ သုံးနိုင်တဲ့ application program တစ်ခု ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာတော့ softphone ကို soft client တွေအနေနဲ့ တစ်ခါတစ်ရံ ရည်ညွှန်း သုံးနှုန်းပါတယ်။

Softphone application အများစုဟာ headset နဲ့ microphone တစ်ခု၊ အထူးပြုလုပ်ထားတဲ့ VoIP phone နဲ့ ပေါင်းစပ်ထားပါတယ်။ Analog telephone adaptor လို့ခေါ်တဲ့ device တစ်ခုကို အသုံးပြုပြီး စံသတ်မှတ်ထားတဲ့ telephone handset ကနေ VoIP ခေါ်ဆိုမှု ပြုလုပ်နိုင်ပါတယ်။

Softphone တွေဟာ mobile နဲ့ home user အများစုက အသုံးပြုကြတယ်လို့ ဆိုပေမယ့်လည်း ရုံးဝန်ထမ်း တွေကလည်း သာမန် ရုံးသုံး ဖုန်းတွေ အစား softphone တွေကို ရွေးချယ် အသုံးပြုကြပါတယ်။ Softphone တွေဟာ network တစ်ခုမှာ traffic အများအပြား ဖြစ်ပေါ်စေနိုင်တာကြောင့် ဒီအချက်ဟာ network administrator များအတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။