Yangon Heartz Business Solution မှကြီးမှူးကျင်းပမည့် Brain Storming Workshop ပြုလုပ်မည်

Update-News_5.jpg

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲသူ များပြားလာမှုနှင့်အတူ e-commerce and online Shopping (အင်တာနက်မှ ဈေးရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ ) သည်လည်း တိုးတက်လာလျက် ရှိရာ အဆိုပါ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသူများ အနေဖြင့် လက်ရှိအခြေ အနေထက် ကောင်းမွန်သော ဝန်ဆောင်မှုများကို သုံးစွဲသူများထံသို့ ဆက်လက် ပေးအပ်နိုင်ရန် အတွက် Yangon Heartz Business Solution မှကြီးမှူးကျင်းပသည့် Brain Storming Workshop ကို ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ရှိ အခန်း (၂၀၅) ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Workshop တွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုကောင်းများ ဆက်လက် တိုးတက် ပေးအပ်နိုင်ရန် အတွက် လုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ခြင်း၊ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ မျှဝေခံစားနိုင်စေရန်အတွက် ပြည်တွင်းရှိ အွန်လိုင်းဈေးရောင်း၊ ဈေဝယ်လုပ်ငန်း ဝန်ဆောင်မှု ပေးသူများနှင့် ဘဏ်လုပ်ငန်းများ၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူများအား စုစည်း၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ အတွေ့အကြုံချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် လက်ရှိဈေးကွက်နှင့် အနာဂတ်မျှော်မှန်းချက်များ၊ ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ ငွေကြေး ပေါ်လစီနှင့် အာမခံချက်၊ မူပိုင်ခွင့်နှင့် ဥပဒေရေးရာ၊ ဆိုက်ဘာ လုံခြုံရေး အစ ရှိသည်တို့အား အတွေ့အကြုံချင်း ဖလှယ်နိုင်ရန်အတွက် Telecoms, Banks, Payment providers, Developer များအား ဖိတ်ကြား ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။