DmC Definitive Edition

maxresdefault-.jpg

PS2 လိုမျိုး 6th Generation Console ခေတ်ကနေ 8th Generation Console (PS3, Xbox 360 etc.,) ခေတ်အပြောင်းမှာ High Definition (720p, 1080p) ဂိမ်းတွေ စထွက်
တာမို့ 6th Gen မှာ ထွက်ပြီးသား ဂိမ်းတွေကို 7th Generation  အတွက် HD Remastered ဂိမ်းတွေ ပြန်ထွက်လာတာ သိပ်မဆန်းတော့ပေမယ့် 7th Gen က ဂိမ်းတွေ ကိုလည်း 8th Generation (PS4, Xbox One etc.,) မှာ ဆက်တိုက် ပြန်ထုတ်လာတာ gaming business model တစ်ခုလို ဖြစ်လာတာ တွေ့ရပါတယ်။ Tomb Raider, Sleeping Dogs, Borderlands နှင့် The Last of Us  တို့လို လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကမှ ထွက်ထားတဲ့ ဂိမ်းတွေကို PS4 နှင့် Xbox One ဂိမ်းစက်တွေမှာ Remastered Edition တွေ၊ Special Edition တွေ  အဖြစ် ပြန်လည်မြင်တွေ့လာရပါတယ်။ အရင်ကတည်းက HD  ဖြစ်ပြီးသားဆိုတော့ HD Version  ဆိုတဲ့ နာမည်အစား Definitive Edition ဆိုပြီး ပိုသုံးလာကြသလို Final Fantasy X တို့ God of War III တို့လို ဂိမ်းတွေကိုလည်း PS4 မှာ မကြာခင် ပြန်မြင်ရဦးမှာပါ။ Devil May Cry Series ကို ဆိုရင်လည်း ခုထွက်လာတဲ့ DmC အပြင် Devil May Cry 4 Special Edition ကို ဇွန်လမှာ  Capcom က ပြန်ထုတ်ဦးမှာပါ။

DmC Definitive Edition မှာ အရင်က DLC အဖြစ်ပါဝင်ထားတဲ့ Story DLC နှင့်အတူ Bloody Palace DLC အတွက် challenge maps တွေအပြင် Vergil ကို အသုံးပြုနိုင်တဲ့ Vergil’s Downfall story DLC နှင့် Add-on challenge levels တွေ အဖြစ် ထွက်ထားတဲ့ Bloody Palace DLC  အခန်းသစ်တွေကို ထည့်သွင်းပေးထားပါတယ်။ Graphics ပိုင်းကို သိသိသာသာလေး ပိုကောင်းအောင် ပြင်ဆင်ပေးထားနိုင်သလို PC မှာလိုမျိုး 60 FPS (Frame Per Second) နှင့် ပိုမိုသွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ PS4 နှင့် Xbox One တွေမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။ အရင်ဂိမ်းတွေနဲ့ ဇာတ်လမ်းဆက်စပ်မှုမရှိတဲ့ DmC ကို developer Ninja Theory က ရေးဆွဲပေးထားသလို ဇွန်လထဲမှာလည်း DMC 4 Special Edition ကို ပြန်ထုတ်မယ်ဆိုတော့ Capcom အနေနဲ့ ဘယ် Version ကို ပရိသတ်ပိုအားပေးမလဲဆိုတာ စောင့်နေတဲ့ ပုံစံလို့ ထင်ရပါတယ်။ Devil May Cry ဂိမ်းသစ်တွေကို ဆက်ထုတ်သွားဖို့ အစီအစဉ်ရှိပေမယ့် အရင် DMC 4 ရဲ့ အဆက်ပဲ လုပ်မလား၊ DmC Reboot  version ကိုပဲ ဇာတ်လမ်းဆက်မလား၊ လုံးဝ reboot အသစ် လုပ်မလားဆိုတာတော့ မသေချာသေးပါဘူး။

ဂိမ်းရေးတဲ့ developer ပြောင်းသွားပေမယ့် DmC ဂိမ်းသစ်ဟာ စကစားကတည်းက Devil May Cry ဂိမ်းတွေရဲ့အရသာကို ပေးနိုင်တာ တွေ့ရမှာပါ။ Gameplay ပိုင်းကို အရင်လိုပဲ Dante ရဲ့ လက်စွဲတော်ဓား Rebellion နှင့် Pistol နှစ်လက်ဖြစ်တဲ့ Ebony & Ivory တို့ကို အဓိက အသုံးပြု ပြီး ရန်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်သလို ဇာတ်လမ်းပိုင်းကိုလည်း မကောင်းဆိုးဝါး demon တွေကို နှိမ်နှင်းတဲ့ Dante နေရာမှပဲ ဝင်ရောက်ကစားရအောင် စီစဉ်ထားပါတယ်။ အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Dante နဲ့ Virgil တို့ ပူးပေါင်းပြီး ကမ္ဘာကြီးကို နောက်ကွယ်မှ အုပ်စိုးနေတဲ့ Demon ခေါင်းဆောင် Mundus ကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ DmC ဟာ Mission တစ်ခုနှင့် တစ်ခုကြား စိတ်ဝင်စားဖွယ် cutscenes တွေပါဝင်ပေမယ့် ဇာတ်လမ်း ဇာတ်ကွက်ပိုင်းထက် action cutscenes တွေနဲ့ gameplay ပိုင်းတွေကို ပိုမို အသားပေးထားတာ တွေ့ရမှာပါ။ အရင် Devil May Cry ဂိမ်းတွေနဲ့ အဓိက  ကွာခြားသွားတဲ့ အချက်ကတော့ Dante  နှင့် Virgil တို့ကို Demon ဖခင် Sparda နဲ့ လူသားမိခင်တို့က မွေးဖွားထားတာမဟုတ်တော့ဘဲ၊ Demon ဖခင် Sparda နှင့် Angel မိခင် Eva တို့က မွေးဖွားထားပုံဖြင့် ဇာတ်လမ်း ဆင်ထားတဲ့အတွက်ကြောင့် Dante အနေနဲ့ Demon စွမ်းအင်ရော၊ Angel စွမ်းအင်ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခြေခံ gameplay အနေနဲ့ Rebellion နှင့် Pistol နှစ်လက်ကိုသာ အဓိက ကိုင်တွယ်ရပုံတူပေမယ့် Arbiter နှင့် Osiris အစရှိတဲ့ ကျန်ရှိသော လက်နက်တွေကို အသုံးပြုမယ်ဆိုရင် L2 သို့မဟုတ် R2 ခလုတ်တွေ တွဲနှိပ်ပြီး ရန်သူတွေကို တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ Devil May Cry 3 နှင့် 4 တို့တုန်းကလို တစ်ဖက်ကို weapon နှစ်ခုဆီထားပြီး customize လုပ်စရာမလိုတော့တဲ့အတွက် gameplay ပိုင်းအနေနဲ့ ကစားရတာ ပိုသွက်သလို combo counter ပြည့်ဖို့လည်း အရင်ထက် လွယ်သွားတာ တွေ့ရ ပါတယ်။ Combo counter တစ်ခုတည်းတင် မဟုတ်ဘဲ boss fight နှင့် ပုံမှန် တိုက်ပွဲတွေဟာလည်း အရင် Devil May Cry တွေလောက် မခက်တော့တဲ့အတွက် action ဂိမ်းကစားနေကျ ပရိသတ်ကတော့ အစကတည်းက hard mode နဲ့ စကစားပြီး ပိုခက်တဲ့ difficulty level တွေကို ရရှိအောင် ကစားနိုင်မှာပါ။ နောက်ပိုင်းမှာတော့ ရန်သူတွေ တစ်ချက်ထိတာနဲ့ game over ဖြစ်မယ့် heaven and hell နှင့် hell and hell လိုမျိုး အလွန်ခက်တဲ့ difficulty level တွေ ပွင့်လာမှာ ဖြစ်သလို action ဂိမ်းတွေ ထုံးစံအတိုင်း သတ်မှတ်ချိန်အတွင်း ရန်သူတွေကို တိုက်ခိုက်ရမယ့် secret mission တွေလည်း ပါဝင်လာပါတယ်။ Definitive Edition မှာမှ ပါဝင်ထားတဲ့ RTS ဂိမ်းတွေမှာလိုမျိုး game speed ကို မြှင့်တင်နိုင်တဲ့ option ကလည်း ကစားရတာ အရမ်းသွက် သွားစေပါတယ်။ ဇာတ်ကောင်လှုပ်ရှားမှုနဲ့ တိုက်ခိုက်ပုံတွေဟာ motion capture နည်းပညာဖြင့် ဖမ်းယူထားတဲ့အတွက် အတော်လေး သဘာဝကျတာ တွေ့ရပါတယ်။

DmC Definitive Edition ဂိမ်းဟာအရင် Devil May Cry ဂိမ်းတွေနဲ့ ဇာတ်ကောင်နှင့်ရန်သူပိုင်းများ ကွာခြားသလို၊ gameplay ပိုင်းလည်း အနည်းငယ် ကွဲပြားနေတယ်ဆိုပေမယ့် graphics ပိုင်းရော၊ combat gameplay ပိုင်းပါ အထူးကောင်းမွန်တဲ့အတွက် Devil May Cry ဂိမ်းသစ် အနေနဲ့ကြည့်ရင်ပဲဖြစ်ဖြစ်၊  Action ဂိမ်းသစ်တစ်ခုအနေဖြင့် သဘောထားပြီး ကစားရင်ပဲ ဖြစ်ဖြစ် အထူးကောင်းမွန်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။