Vaccum Cleaner

Vacuum-calendar-.jpg

လူကိုယ်တိုင် အပင်ပန်းခံ စရာမလိုဘဲ Remote တစ်ချက်နှိပ်ရုံဖြင့် အခန်းတွင်းရှိ ဖုန်များအားလုံးကို ဖယ်ရှားပေးမည့် LG ၏ ဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသော ဖုန်စုပ်စက် ဖြစ်သည်။ စက်၏ အပေါ်ပိုင်း၊ အောက်ပိုင်း၊ ဘေးပတ်ပတ်လည်တို့တွင်ရှိသော ကင်မရာ ၇ လုံးမှ ဖုန်ရှိသည့် နေရာများကိုရှာ ဖွေဖယ်ရှားပေးမည်ဟု သိရသည်။ စက်တွင် အပိုလေအိတ်မပါဝင်ဘဲ  ၀.၄ လီတာ ဆံ့သော အမှိုက်ကန်ကို ထည့်သွင်းပေးထားသည်။ ထို့အပြင် ကြမ်းပြင်တွင်ရှိသော ပိုးမွှားများနှင့် အနံ့ဆိုးများကို စစ်ထုတ်ပြီး ကောင်းမွန်သော လေကို ပြန်ထုတ်ပေးသောကြောင့် ရောဂါများ ရန်မှလည်း ကာကွယ်ပေးသည်ဟု သိရသည်။ မော်တာကိုလည်း 60dh အသုံးပြုထားသည့်အတွက် ဆူညံမှုကို သက်သာစေသည်ဟု သိရသည်။ နှစ်နာရီအားသွင်းရုံဖြင့် ၁၂ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ 3.2kg သာ အလေးချိန်ရှိပြီး အခန်းတွင်းဖုန်များအားလုံး သန့်စင်သွားပါက အားသွင်းစက်ဆီသို့ အလိုအလျောက်ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ တန်ဖိုးမှာ ၅၄၅,ဝဝဝ ကျပ်ဖြစ်ပြီး ဖုန်း – ၀၁-၃၇၉၉၅၄ နှင့် ၀၁-၃၇၉၉၅၅ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။