Microsoft Edge

Microsoft Edge သည် Windows 10 အတွက် ဖန်တီးထားသည့် web browser ဖြစ်သည်။ Edge browser ကို Windows 95 တွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ဆယ်စုနှစ် နှစ်စုခန့် Windows operating systems များ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့သော Internet Explorer (IE) နေရာတွင် အစားထိုးမည် ဖြစ်သည်။

Edge ကို ဝက်ဘ်ဝန်ဆောင်မှုများအတွက် ရည်ရွယ်ထားသည့် ဝက်ဘ်စံသတ်မှတ်ချက်များပေါ်တွင် အခြေခံကာ တည်ဆောက်ထားသည်။ Microsoft သည် လက်ရှိတွင် Edge ကို အစောပိုင်း Windows ဗားရှင်းများနှင့် Windows operating system မဟုတ်သည့် ဗားရှင်းများအတွက် ထောက်ပံ့ရန် အစီအစဉ်မရှိသေးကြောင်း ဆိုသည်။

အစောပိုင်း Windows ဗားရှင်းများတွင် Internet Explorer ပါဝင်လာသကဲ့သို့ Edge ကို Windows 10 နှင့်အတူ တွေ့မြင်ရမည် ဖြစ်သည်။

Edge တွင် ပါဝင်သည့် feature များမှာ –

– သုံးစွဲသူများက ဝက်ဘ်စာမျက်နှာများတွင် စာရေးခြင်း၊ ပုံဆွဲခြင်းတို့ကို ပြုလုပ်နိုင်စေမည့် Inking annotation tool

– နာမည်ကျော် ဗီဒီယိုဂိမ်းမှ Cortana personal virtual assistant

– Private browsing

– Microsoft Passport အပြင် phishing နှင့် အခြား social engineering တိုက်ခိုက်မှုများကို ဟန့်တားနိုင်မည့် Security feature များ

– Firefox နှင့် Chrome add-on များ အသုံးပြုနိုင်ခြင်း

– Social media ပေါင်းစပ်ပါဝင်ခြင်း စသည်တို့ဖြစ်သည်။