Red Dot ဆိုင်များကို နယ်မြို့များတွင်ပါ ဖွင့်လှစ်မည်

1.jpg

Red Dot ဆိုင်များကို နယ်မြို့များတွင်ပါ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၏ Chief Marketing Officer Mr.Andy Whelan က ပြောသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တ လး၊ နေပြည်တော်တို့တွင် ဆိုင်ပေါင်း ၃,၀၀၀ ရှိနေပြီး ဖုန်းငွေဖြည့်ကတ် အမျိုးအစားများအားလုံးကို အဆိုပါ Red Dot ဆိုင်များမှ ငွေဖြည့်ပေးလျက်ရှိကြောင်း ဆိုသည်။

” Red Dot ဆိုင်တွေကို နယ်မြို့တွေမှာပါ တိုးချဲ့သွားမှာဖြစ်ပါတယ်။ လက်ရှိ ပုသိမ်နဲ့ ပဲခူးတို့မှာလည်း တိုးချဲ့ ထားပါတယ်။ နယ်မြို့တွေ အများကြီးတိုးချဲ့တယ်ဆိုရင် လိုအပ် တဲ့ဝန်ဆောင်မှုတွေ အလုံအလောက် မပေးနိုင်မှာဖြစ်တဲ့အတွက် မြို့ ကြီးတွေကိုပဲ ဦးစားပေးဆောင်ရွက်တာပါ။ နယ်တွေက လက်တွဲချင်တဲ့ ဆိုင်တွေရှိရင် လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Red Dot ၏ Head of Sales ကိုမောင်မောင်သန်းက ပြောသည်။

မြို့ကြီးသုံးမြို့ကို ကျယ်ကျယ်ပြန့်ပြန့် ကနဦးဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်း ဒုတိယမြို့ကြီးများ၊ အခြားမြို့များ စသည်ဖြင့် အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“Red Dot နဲ့ လည်ပတ်တဲ့ဆိုင်တွေက ခဲခြစ်နဲ့ဘာကွာမလဲဆိုတော့ ဆိုင်ရှင်တွေအတွက် ရောင်းမယ့်ကတ်တွေ သက်တမ်းကုန်မှာ မဟုတ်ဘူး၊ အရင်းအနှီး နည်းနည်း နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချနိုင်မယ်။ Red Dot က အလှည့်ကျ ဆက်သွယ်နေတာမို့ ဆိုင်မှာငွေဖြည့်ကတ် ပြတ်လပ်နေတယ်ဆိုတာမျိုး မရှိပါဘူး။ စက်နဲ့ သွားတဲ့အတွက် ကတ်ပျက်စီး၊ ပျောက်ဆုံးမှာလည်း မပူရဘူး” ဟု ပုံမှန်ခဲခြစ်ငွေဖြည့်ကတ်နှင့် Red Dot စက်ဖြင့် ငွေဖြည့်ခြင်းကွာခြားပုံကို တာဝန်ရှိသူများက ရှင်းပြသည်။

လက်ရှိ Red Dot အမှတ်အသားရှိ ဆိုင်များတွင် ဖုန်းအမျိုးအစား အားလုံးအတွက် ငွေဖြည့်ကတ်ဖြည့်ပေးခြင်းကို ဝန်ဆောင်ပေးလျက်ရှိပြီး Red Links အင်တာနက် ဘီလ် ဖြည့်ခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ နောက်ပိုင်းတွင် အခြား ဘီလ်ဖြည့်ပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ Red Dot အီလက်ထရောနစ် ငွေဖြည့်ကတ်စနစ်လုပ်ငန်းတွင် ဝန်ထမ်းပေါင်း ၂၅၀ ၀န်းကျင်ဖြင့် လည်ပတ်နေပြီး ၀န်ထမ်း ၉၀ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံမှ ဝန်ထမ်း များ ဖြစ်ကြောင်း သိရသည်။