Lenovo Tab 2 A7-10

lenovo.jpg

တန်ဖိုး – ကျပ် ၁၅၆,၀၀၀

အားသာချက် – အင်တာနက် သုံးစွဲမယ့် သူတွေအတွက်တော့ GSM SIM Card ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် SIM Slot ပါဝင်မှာဖြစ်ပါတယ်။ အရွယ်အစားကလည်း သွားလေရာ အလွယ်တကူ သယ်ယူသွားနိုင်မယ့် အရွယ်အ စားဖြစ်တဲ့အတွက် မကြာခဏ ခရီးသွားသူများအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက် – ကင်မရာမှာ Front Camera တစ်ခုထဲသာ ပါဝင်မှာဖြစ်ပြီး၊ Megapixels လည်း နည်းတာကို တွေ့မြင်နိုင် မှာဖြစ်ပါတယ်။

သုံးသပ်ချက် – ဈေးနှုန်း သင့်တင့်ပြီး လုပ်ငန်းသုံးတာမက အပျင်းပြေ ဂိမ်းဆော့ကစား လိုသူများအတွက်လည်း ရုပ်ထွက်ကောင်းကောင်းနဲ့ ဂိမ်းကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသံပိုင်း စနစ်ကိုလည်း ကောင်းမွန်အောင် စီစဉ်ပေးထားတဲ့အတွက် အသုံးပြုသူများ စိတ်တိုင်းကျစေမယ့် Tablet တစ်ခု လည်းဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Quad Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4 ဖြစ်တဲ့ Kitkat Version ကိုအသုံးပြု ထားပါတယ်။ IPS LCD Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာ တစ်လုံးထဲသာ ပါဝင်မည်ဖြစ်ပြီး 0.3 Megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-Ion ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 3450mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း – Lenovo Tab2 A7-10 ဟာ Non Removable Battery Design နဲ့ ထုတ်လုပ်ထားပြီး အရှေ့ နှင့်အနောက်ဘက် ကို မီးခိုးရောင်နဲ့ သာ အသုံးပြုထားတာကိုေ တွ့မြင်ရမှာ ဖြစ်ပါတယ်။ Power Botton နဲ့ Headphone Jack တို့ကို Tablet အထက်ပိုင်းတွင် ထည့်သွင်းထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ SIM Card Slot ကိုတော့ Tablet ရဲ့ ဘယ်ဘက်အထက် ပိုင်းနားလေးမှာ ထည့်သွင်းပေးထားပါတယ်။

ဆက်သွယ်ဝယ်ယူ နိုင်မည့်လိပ်စာ – T-Land IT, Digital & Mobile

ဆက်သွယ်နိုင်မည့်ဖုန်း – ၃၈၂၈၆၈