How to write the business specification and technical specification relative to ERP System ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

Update-News_5.jpg

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ How to write the business specification and technical specification relative to ERP System ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၆ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ လှိုင်မြို့နယ်၊ MICT Park အခန်း (၂၀၅) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် United State of America မှ ERP Expert ဖြစ်သူ ဦးကျော်စွာမှ ဆွေးနွေး ပြောကြား သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များ၊ ကွန်ပျူတာ နည်းပညာကို လေ့လာနေသော ကျောင်း သား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို(အခမဲ့) တက်ရောက် ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲ တက်ရောက်လိုသူများအနေဖြင့် ဇွန်လ ၄ ရက် နောက်ဆုံးထားကာ အသင်းရုံးသို့ ဆက်သွယ် အကြောင်းကြားရန် လိုအပ်မည်ဖြစ်သည်။ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ ဖုန်း-၆၅၂၂၇၆ ၊ ၀၉၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။