Canon Maxify MB5070 Printer

Canon-Maxify-MB5070--Printer-.jpg

Canon အမှတ်တံဆိပ် Maxify MB5070 မော်ဒယ် Printer ဖြစ်သည်။ Print ထုတ်ရာတွင် မြန်ဆန်မှုရှိပြီး Color Print ကိုလည်း ထုတ်ပေးနိုင်မည် ဖြစ်သည်။ A4 စာရွက် ရွက်ရေ ၂၅၀  ထည့်နိုင်သော Paper Cassette ပါရှိသည်။ Wireless Print ထုတ်နိုင်သည်။ Black Cartridge   ရွက်ရေ ၁၀၀၀  ထုတ်နိုင်ပြီး Colour Cartridge ရွက်ရေ ၇၀၀ ထုတ်နိုင်သည်။ XL cartridge များကို အသုံးပြုခြင်းဖြင့် ရွက်ရေ ပိုမိုထုတ်နိုင်ပြီး ကုန်ကျစရိတ်တစ်ဝက်ခန့် ပိုမိုသက်သာစေမည်ဟု သိရသည်။ ကျောကပ် Print ထုတ်လိုသူများအနေဖြင့် Auto 2-sided print ထုတ်နိုင်သလို Dropbox, Google Drive မှ စာများကိုလည်း Print ထုတ်နိုင်သည်။  MAXIFY Printing Solutions Apps, MAXIFY Cloud Link, Print from Email, AirPrint, Google Cloud Print, Scan to Cloud, Scan/ Fax to Network Folder များဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်သည်။ တစ်ကြိမ်ဖြတ်ရုံဖြင့် စာမျက်နှာနှစ်ဖက် Scan ဖတ်ပေးနိုင်သည်။  IOS နှင့် Android device များ ဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်သည်။  တန်ဖိုးမှာ USD 260 ဖြစ်ပြီး Canon Showroom ဖုန်း – ၀၁- ၃၉၃၄၃၈ ၌ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။