OCTAVE

OCTAVE (Operationally Critical Threat, Asset, and Vulnerability Evaluation) ဆိုသည်မှာ ဆိုက်ဘာ တိုက်ခိုက်မှုများကို ကာကွယ်ရန် စီစဉ်ခြင်းနှင့် ဆိုက်ဘာ တိုက်ခိုက်မှု ဘေးအန္တရာယ်ကို စိစစ် တွက်ချက်ပေးမည့် လုံခြုံရေးစနစ် တစ်ခု ဖြစ်သည်။

၎င်းစနစ်သည် အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ တိုက်ခိုက်မှု၏ အကျိုးဆက်များကို တွက်ချက်ခြင်းနှင့် တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့အတွက် အထောက်အကူဖြစ်စေမည့် စနစ်ဟု ဆိုနိုင်သည်။

OCTAVE ကို အဖွဲ့အစည်း အတွင်းရှိ လူများ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ OCTAVE ကို အဆင့် သုံးဆင့် သတ်မှတ်ထားသည်။ ပထမအဆင့်က Asset အခြေခံ Threat Profile များ တည်ဆောက်ခြင်း၊ ဒုတိယအဆင့်သည် အခြေခံ အဆောက်အအုံ အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ တတိယအဆင့်က လုံခြုံရေးဆိုင်ရာ နည်းဗျူဟာများနှင့် အစီအစဉ်များကို တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်းတို့ ဖြစ်သည်။

OCTAVE ကို ၂၀၁၁ ခုနှစ်တွင် Carnegie Mellon တက္ကသိုလ်က အမေရိကန်ကာကွယ်ရေးဌာန အတွက် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းစနစ်က တစ်စတစ်စ ပြောင်းလဲတိုးတက်လာခဲ့သော်လည်း အခြေခံ စည်းမျဉ်းနှင့် ရည်ရွယ်ချက်များကိုမူ ပြောင်းလဲခဲ့ခြင်း မရှိပေ။