1Word!

1-World.jpg

1Word App သည် ပေးထားသည့် စာလုံးများထဲမှ အဓိပ္ပာယ်ရှိသော စာတစ်ခုဖြစ်စေရန်အတွက် ရွေးချယ်ပေးရမည့် App တစ်ခု ဖြစ်သည်။ အင်္ဂလိပ်စာ စကားလုံးများကို လေ့ကျင့်လိုသူများအတွက် အထောက် အပံ့ပေးနိုင်သည့် App တစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ကလေးငယ်များလည်း သိရှိနိုင်မည့် စာလုံးရေ ၆၀၀ ခန့်ကို ထည့်သွင်းပေးထားရာ ကလေးများလည်း အသုံးပြုနိုင်မည့် App တစ်ခု ဖြစ်သည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာလည်း 10.2 MB ခန့်သာ ရှိမည်ဖြစ်ပြီး iOS Version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။