Recent Place ကို Mac OS ပေါ်တွင် သတ်မှတ်ခြင်း

cover.jpg

Mac OS အသုံးပြု သူတွေအနေနဲ့ Mac OS ပေါ်မှာ ကိုယ်အသုံးပြုခဲ့တဲ့ ဖိုင်တွေဟာ Recent အနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ Recent ဖိုင်တွေ များလာတာနဲ့အမျှ Recent ဖိုင်တွေနဲ့ ကိုယ့်ရဲ့ Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာ Stroage ဟာလည်းသိမ်းဆည်းနိုင်မှု နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုတဲ့ Mac OS ကွန်ပျူတာရဲ့ Stroage Device မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏတွေ လျော့မသွားစေဖို့အတွက် Recent Place ကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Recent Place ကို သတ်မှတ်ဖို့အတွက် Terminal ကိုဖွင့်ရမှာ ဖြစ်ပါတယ်။ Terminal ကို ဖွင့်ဖို့အတွက် အလွယ်ကူဆုံးကတော့ Spotlight မှာ နှိပ်ပြီး Search Box ထဲမှာ Terminal လို့ရိုက်ထည့် လိုက်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Terminal မှာဖော်ပြထားတဲ့ Command ကိုရိုက်ထည့်လိုက်ပါ။ အသုံးပြုရမယ့် Command ကတော့ – delete –gNSNavRecentPlaces ဆိုတဲ့ Command ပဲဖြစ်ပါတယ်။

ဒါဆိုရင် Recent Place ထဲမှာရှိနေတဲ့ ဖိုင်တွေ အကုန်လုံးကို ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက် တစ်ဆင့်ကတော့ ဖိုင်တွေကို ထပ်မံပြီး Recent Place ထဲကို ရောက်လာပြီဆိုရင် ဖိုင်အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာနဲ့ တစ်ခါတည်း ဖျက်သွားပစ်ဖို့အတွက် အောက်ဖော်ပြပါ Command ကိုထပ်မံ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

အသုံးပြုရမယ့် Command ကတော့ – delete -gNSNavRecentPlacesLimit -int NUM ကိုသုံးရပါမယ်။ NUM ဆိုတဲ့ နေရာမှာတော့ ကိုယ်ထားချင်တဲ့ အရေအတွက်ကိုဂ ဏန်းနံပါတ်ဖြင့် ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။  ဒီလိုရိုက်ထည့် ပေးထားတယ်ဆိုရင် သတ်မှတ်ထားတဲ့ Recent ဖိုင်အရေအတွက် ပြည့်သွားတာနဲ့ Recent Place ကနေ ဖယ်ရှားရှင်းလင်း ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ Mac OS ပေါ်မှာ Recent ဖိုင်တွေကို သတ်မှတ်ချက်နဲ့ အသုံးပြုနည်းပဲ ဖြစ်ပါတယ်။