Flipboard ကို ဝယ်ယူရန် Twitter ဆွေးနွေးနေ

11270697_10152944957537825_577678854278499824_o.jpg

Twitter သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် Flipboard ကို ဝယ်ယူရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Re/Code မှ ဖော်ပြခဲ့သည်။

Twitter CFO အန်ထော်နီနိုတိုသည် Flipboard ကို ဝယ်ယူရေးအတွက် ယခုနှစ်စကတည်းက ဆွေးနွေးမှုများကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

Twitter အနေဖြင့် Flipboard ကို မည်သည့်အတွက်ကြောင့် ဝယ်ယူရန် စိတ်ဝင်စားနေသည်ကို မသိရှိရသေးသော်လည်း curation tool များက Twitter ၏ ရည်ရွယ်ချက် ဖြစ်ဖွယ်ရှိသည်။

ထို့အပြင် မကြာသေးမီက ၎င်း၏ပြိုင်ဘက် Zite ကို ဝယ်ယူခဲ့သည့် Flipboard ၏ ကြော်ငြာစွမ်းည်ကိုလည်း Twitter က စိတ်ဝင်စားနေဖွယ်ရှိသည်။

အဆိုပါ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ Twitter မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မည်သည့်မှတ်ချက်မှ မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref: TheNextWeb