Ceph

Ceph ဆိုသည်မှာ unified system တစ်ခုအောက်ရှိ object-based, block-based နှင့် file-based storage တို့ကို ထောက်ပံ့ပေးသော open source software တစ်ခု ဖြစ်သည်။

Ceph storage cluster များသည် CRUSH (Controlled Replication Under Scalable Hashing) ဟုခေါ်သော နည်းစနစ်ကို အသုံးပြုပြီး commodity hardware ပေါ်တွင် အလုပ်လုပ်သည်။ Ceph object storage ကမူ Amazon Storage Service (S3) နှင့် OpenStack Swift Representation State Transfer (REST) အခြေခံထားသည့် application programming interfaces (APIs) နှင့် software application များ ပေါင်းစပ်ထားသော native API မှတဆင့် အသုံးပြုနိုင်သည်။

Ceph block storage ကို Linux-based server များ သို့မဟုတ် virtual machine (VMs) များနှင့် ချိတ်ဆက်နိုင်သော virtual disk ဖြစ်သည့် Ceph Block Device အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ Ceph Reliable Autonomic Distributed Object Store (RADOS) သည် storage snapshot များနှင့် replication များကဲ့သို့သော block storage လုပ်ဆောင်မှုများကို ထောက်ပံ့ပေးသည်။

Ceph file storage ကမူ Portable Operating System Interface (POSIX) အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ Ceph file system (Ceph FS) ဟာ Ceph storage cluster သည် အချက်အလက်ကို သိမ်းဆည်းပေးသည်။ Ceph FS သည် Ceph block storage နှင့် Ceph object storage ကဲ့သို့သော တူညီသည့် clustered system ကို အသုံးပြုသည်။

Inktank Storage Inc. သည် လစဉ်ကြေးကို အခြေခံသည့် Ceph version ကို ရောင်းချလျက်ရှိသည်။ Inktank ၏ နည်းပညာ အမှုဆောင်အရာရှိ Sage Weil က Ceph ကို ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ Ph.D စီမံကိန်းတစ်ခု၏ အစိတ်အပိုင်း အနေဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Ceph open source project ကို ၂၀၀၄ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် open source လိုင်စင်နှင့် ထွက်ပေါ်လာခဲ့သည်။