Ooredoo Myanmar က မိုဘိုင်းအင်တာနက် Package Plan နှုန်းထားများကို ထက်ဝက်နီးပါး လျှော့ချ

IMG_6122.jpg

Ooredoo Myanmar က ၎င်းတို့၏ မိုဘိုင်းအင်တာနက် Package Plan များကို ယနေ့မှစတင် လျှော့ချလိုက်ပြီ ဖြစ်ကြောင်းသတင်း ရရှိသည်။

ယခင်က 1GB လျှင် ၁၂၀၀ ကျပ်နှင့် Facebook သုံးစွဲခွင့် 600 MB အခမဲ့ရရှိသော အစီအစဉ်အစား 1GB  လျှင် ၆၉၀၀ ကျပ်နှင့် 2GB လျှင် ၁၂၉၀၀  ကျပ်သာ ကျသင့်မည့် နှုန်းထားများသို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန် လိုက်သည်။

ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ ယခုပြောင်းလဲ လျှော့ချလိုက် သော 1GB နှင့် 2G B  အစီအစဉ်များတွင် ယခင်က ရရှိခဲ့သော Facebook သုံးစွဲခွင့် 600 MB ကိုမူ သုံးစွဲသူများ ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ထို့အပြင် အပတ်စဉ် အသုံးပြုနိုင်သည့် တစ်ပတ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် Facebook သုံးစွဲခွင့် 120 MB အစီအစဉ် ဖြစ်သည့် Weekly Plan များရှိတော့မည် မဟုတ်ကြောင်း အထက်ပါ ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မိုဘိုင်းအင်တာနက် အသုံးပြုခများ လျှော့ချလိုက်သည့် အစီအစဉ်များအနက် Daily Plan တွင် တစ်ရက်လျှင် ၃၉၀ ကျပ်ဖြင့် အင်တာနက် အသုံးပြုနိုင်ခွင့် 50 MB ရရှိမည်ဖြစ်သည်။ ထို့အပြင် လစဉ်အသုံးပြုနိုင်သည့်  Monthly Plan တွင် တစ်လလျှင် ၃၉၀၀ ကျပ်ဖြင့် အင်တာနက် 500 MB အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကာတာဆက်သွယ်ရေး ကုမ္ပဏီသည် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar ဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီး နောက်ပိုင်းမှ စတင်၍ ၎င်းတို့၏ မိုဘိုင်းဖုန်း ဆက်သွယ်ခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားများကို တဖြည်းဖြည်းချင်း လျှော့ချလာခဲ့ခြင်းဖြစ်သည်။

အထက်ပါ မိုဘိုင်းအင်တာ နက်အသုံးပြုခ Package Plan များကို မလျှော့ချမီတွင် Ooredoo Myanmar ၏မိုဘိုင်းဖုန်း ခေါ်ဆိုခများသည် မည်သည့်ဆက်သွယ်ရေး ကွန်ရက်ကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားရာမှ ၂၅ ကျပ်သို့ လျှော့ချလိုက်ပြီး ဖြစ်သည်။

ယခုလက်ရှိ အချိန်တွင် Ooredoo ဆင်းမ်ကတ်ကို အသုံးပြုသူ အရေအတွက်မှာ တစ်သန်းနှင့် အထက်တွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

-ယုဇနကိုကို