Undying The Almighty Dirge

2-.jpg

Frozen Throne Dota ရဲ့ v6.58 patch ကာလကတည်းက Undying ဟာ ရှိသမျှ  Intelligence Hero ကနေ Strength Hero သို့ ပြောင်းလဲသွားရုံမကဘဲ Ability အားလုံး Rework လုပ်ခံလိုက်ရပြီး
မှာတော့ ယခင်လို Pusher, Carry ဆန်ဆန် Hero တစ်ကောင်ကနေ Teamfight Hero တစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီး v6.66 ကာလ၊ Tri Lane Play Style ကာလများမှာတော့ Crystal, Weaver တို့နဲ့ တွဲလုံးများထုတ်ပြီး ခေတ်စားခဲ့တဲ့ Strength Hero တစ်ကောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Dota 2 အပြောင်းအလဲမှာတော့ Pusher, Carry Meta များကြောင့် Undying ဟာ သိသိသာသာ ပွဲပါးတဲ့ Hero တစ်ကောင်ဖြစ်ခဲ့ပြီး ယခုလက်ရှိ v6.84 အရောက်မှာတော့ First Ban Hero စာရင်းထဲအထိ ပါဝင်လာပါတော့တယ်။ Familiar, Zombie စတဲ့ Unit တွေကို Hit Point Base Unit အဖြစ်ကနေ Nether Ward, The Swarms, Heat Seeking Missile တို့လို Hit Count Base Unit အဖြစ် ပြောင်းလဲပေးလိုက်တဲ့အတွက် Teamfight အတွက် ကွက်တိအသုံးဝင်တဲ့ Hero ဖြစ်လာပါတော့တယ်။

Background Story

အတူတိုက်ပွဲဝင်ခဲ့တဲ့ ခတ်ထန် ကြမ်းတမ်းသော မျက်နှာများ၊ သံချပ်ကာများနဲ့ တိုက်ပွဲဝင် အလံများကို သူ့အာရုံထဲမှာ တရိပ်ရိပ်နဲ့ သတိရလာပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ရာထူးဂုဏ်ရှိန်များအားလုံးကို အဆုံးသတ်စေခဲ့တဲ့ နာကျင်ထိတ်လန့်ဖွယ်ရာတို့နဲ့ ပြည့်နှက်နေတဲ့ တိုက်ပွဲကြီးကိုလည်း ပြန်လည် သတိရလာခဲ့ပါတယ်။ ကြောက်စရာအကောင်းဆုံး အရာတစ်ခုဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အတူတကွ ကျဆုံးခဲ့တဲ့
သူ့ရဲ့ တိုက်ပွဲဝင် ညီအစ်ကိုများအားလုံးနဲ့အတူ အော်မြည်သံတို့နဲ့ ပြည့်နှက်နေတဲ့ သေမင်းရဲ့ တွင်းနက်ကြီးထဲကို အတူတကွ ပစ်ချခံလိုက်ရတာကိုလည်း သူ သတိရလာခဲ့ပါတယ်။ အသုဘ သီချင်းသံဟာလည်း သူတို့နဲ့ပတ်သက်သမျှ အလုံးစုံကို ဝါးမြိုသွားခဲ့ပါတယ်။ တွင်းနက်ကြီးရဲ့ အဆုံးမှာတော့ အချိန်ကာလ မရှိသလို အမှတ်ရစရာများလည်း မရှိတော့ပါဘူး။ သန့်ရှင်းစင်ကြယ်မှုတွေလည်း မရှိတော့ပေမယ့် ဆာလောင်မွတ်သိပ်မှုများကတော့ ရှိနေဆဲပါပဲ။ သူတို့အားလုံးမှာလည်း ပဲ့ရွဲ့နေသော လက်သည်းတွေနဲ့ ကြေမွနေသော သွားများအဖြစ် ပြောင်းလဲသွားပါတယ်။ အဆုံးမသတ်နိုင်သော၊ မလွတ်မြောက်နိုင်သော တိုက်စားမှုများကြားမှာ ယိုင်နဲ့နဲ့သာ ကျန်ရှိတော့တဲ့ စိတ်အာရုံကလေးတစ်ခုဟာ အလုံးစုံသော အမှန်တရားကို သိသွားခဲ့ပါတယ်။ အသုဘသီချင်းသံရဲ့ Chorus ဟာ သက်ဝင်လှုပ်ရှားနေတဲ့ အသံနံရံကြီးတစ်ခုအဖြစ် ကြီးမားလာချိန်မှာတော့ သူ့ရဲ့စိတ်ဟာ မှတ်ဥာဏ်များအားလုံး ကင်းမဲ့သွားပါတော့တယ်။ အသုဘသီချင်းတစ်ပုဒ်လုံးဟာ သူ့ဖြစ်တည်မှုအားလုံးကို ဝါးမြိုလိုက်တဲ့ အခါမှာတော့ သူဟာ သေမင်းရဲ့ အလုံးစုံဖျက်ဆီးလိုတဲ့ ဆန္ဒအားလုံးကို ရင်ဘတ်အစုံကို ဖွင့်ဟပြီး ကြိုဆိုလိုက်ပါတယ်။ ဖျက်ဆီးမှုဟာ သူ့ကို ရွေးချယ်ခဲ့တာ မဟုတ်ဘဲ သေမင်းရဲ့ စစ်ပွဲများကို တောင့်တမှုကြောင့်သာ ဗလာနတ္ထိခန္ဓာကိုယ်ကြီးဟာ Undying ဟူသည့် ဂုဏ်ပုဒ်နှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်ပါတယ်။ Undying ဟာ သေမင်းချမှတ်ပေးထားတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်တဲ့ အသုဘညည်းချင်းကို ကမ္ဘာကို ဖြန့်ကြက်ပေးဖို့အတွက် အိပ်စက်ခြင်း ကင်းမဲ့တဲ့ သေခြင်းတို့ကို စုဝေးပြီး ရှင်သန်ခြင်းတို့ကို ဆန့်ကျင်စေခဲ့ပါ တယ်။ ရှင်သန်လာလိုက်၊ သေဆုံးသွားလိုက်နဲ့ သူ့ရဲ့ ခန္ဓာဟာ သေမင်းရဲ့ ရှေ့ပြေးနိမိတ်အဖြစ် တာဝန်ထမ်းဆောင်ရင်း အဆုံးမရှိသော သေဆုံးခြင်းတို့နဲ့အတူ အဆုံးမရှိသော အသုဘညည်းချင်းကို ဖြန့်ကြက်လျက် ရှိပါတော့တယ်။

Decay ကတော့ အသုံးပြုလိုက်မယ့် 325 AoE အတွင်းက Enemy Hero တွေအားလုံးရဲ့ 4 Strenght ဆီကို Undying က 40 Seconds မျှ ခိုးထားလိုက်မှာ ဖြစ်ပါတယ်။ 4 strength ဟာ 76 Hp နဲ့ ညီမျှပြီး ခိုးနိုင်သမျှ Hp အားလုံးဟာ Undying ရဲ့ HP Pool မှာလာပေါင်းနေမှာဖြစ်လို့ Undying ဟာ ပိုမို Tank သွားမှာ ဖြစ်ပါတယ်။ များများယူရင် Cooldown ဟာ 10 seconds ကနေ 4 seconds အထိ ကျသွားမှာဖြစ်လို့ အချိန်ကြာမယ့် Team Fight  တွေမှာ ဆက်တိုက် Strength ခိုးနေနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Enemy Hero တစ်ကောင် အပေါ်ကို Decay တစ်ခါသုံး လိုက်တိုင်း Undying ရဲ့
Model Size ဟာ ၂ ရာခိုင်နှုန်းခန့်ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။

Soul Rip ဟာ Undying ရဲ့ 1300 AoE အတွင်းက ရှိသမျှ Random Ally, Enemy Unit တစ်ခုချင်းစီကနေ 30 Hp စီကို ခိုးယူပြီး Target Unit တစ်ခုအပေါ်ကို စုပုံချပေးလိုက်မှာ ဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ဟာ Ally Unit ဖြစ်နေမယ်ဆိုရင် ခိုးယူသမျှ ပမာဏအားလုံးဟာ Healing ဖြစ်စေမှာဖြစ်ပြီး Enemy Unit ဖြစ်ခဲ့ရင်တော့ Damage အဖြစ် သက်ရောက်စေပါမယ်။ နောက်ဆုံးအဆင့်မှာ Hp ခိုးယူနိုင်မယ့် Unit အရည်အတွက်ဟာ 16 Units အထိ ရှိလာမှာဖြစ်လို့ အများဆုံး 480 Heal/ Damage အထိ သက်ရောက်နိုင်ပါတယ်။ ဒီလိုခိုးယူမယ့် Unit တွေထဲမှာ Tombstone Zombie တွေကိုပါ ထည့်သွင်းတွက်ချက်မှာဖြစ်လို့ 16 Units ပြည့်ဖို့ လွယ်ကူပါတယ်။ Undying, Seige Unit, Building, Spell Immune Enemy, Invi-sible Unit နဲ့ Fog of War အတွင်းက Unit တွေဆီကနေ 30 Hp ခိုးယူမှာမဟုတ်တဲ့ အချက်ကို သတိပြုရမှာဖြစ်ပြီး Soul Rip ဟာ Undying ရဲ့ Tombstone  ကို Heal နိုင်တဲ့ အားသာချက်ကိုလည်း မေ့မထားသင့်ပါဘူး။

များများယူမှ Duration, AoE, Zombie Status စတာတွေ တိုးလာမှာဖြစ်လို့ Tombstone ကို ဖြစ်နိုင်ရင် ဦးစားပေးအဆင့်မြှင့်တင်ဖို့ အကြံပြုလိုတဲ့ Ability ဖြစ်ပါတယ်။ 3 seconds ခြားတိုင်းမှာ သတ်မှတ် AoE အတွင်းမှာရှိတဲ့ Enemy Unit တွေအနားမှာ Zombie တစ်ကောင်စီ ပေါ်လာမှာဖြစ်ပြီး အဆိုပါ Enemy ကို အလိုအလျောက် တိုက်ခိုက်နေမှာ ဖြစ်ပါတယ်။ Zombie တစ်ကောင် တိုက်ခိုက်လိုက်တိုင်းမှာ အဆိုပါ Unit ဟာ 7% MS Slow ဖြစ်စေမယ့်အပြင် အဆိုပါ Slow ဟာ Fully Stack ဖြစ်တဲ့ အားသာချက်ရှိပါတယ်။ ဆိုလိုတာက Zombie တစ်ကောင်ထက်ပိုပြီး တိုက်ခိုက်ခံနေရမယ့် Unit ဟာ တစ်ကောင်စီကနေ 7% Slow စီ စုပေါင်း သက်ရောက်ခံရမှာ ဖြစ်ပါတယ်။ Slow Duration ဟာ 2.5 seconds ကြာပြီး Zombie တွေဟာ 1.6 seconds မှာ တစ်ခါတိုက်ခိုက်တာဖြစ်လို့ Tombstone AoE ကြီးမှ Zombie များများပေါ်ပြီး Slow ဖို့ အခွင့်အရေး ပိုများမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tombstone Lvl လေးဆင့်ရောက်မှ Zombie တွေဟာ သူတို့တိုက်ခိုက်နေတဲ့ Enemy ရဲ့ Current Hp 400 ရောက်တာနဲ့ Bloodlust Ability ကို ရရှိမှာဖြစ်လို့ စောစောတင်ဖို့ အကောင်းဆုံးဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ Bloodlust ရရှိသွားတဲ့ Zombie တွေအနေနဲ့ +50% MS နဲ့ +50 Attack Speed ကို ရရှိမှာဖြစ်လို့ အတိုက်ခိုက်ခံရတဲ့ Unit ဟာ မလှုပ်နိုင်အောင် Slow ခံရမှာ ဖြစ်ပါတယ်။ Zombie တွေကို ပြန်လည်တိုက်ခိုက်ဖို့ 1 Attack လိုအပ်တဲ့အတွက် ယခင်ကလို Bristleback ရဲ့ Quill Spray ကို ကြောက်စရာမလိုတော့ပါဘူး။ Zombie တွေဟာ 37-45 Damage ရှိပါတယ်။

Ultimate Flesh Golem ကတော့ Undying ကို Teamfight မှာ Initiator တစ်ကောင်ဖြစ်စေရုံမကဘဲ AoE 750 အတွင်းက Non-Ally Unit တွေကို Damage Amplification တိုးစေမှာ ဖြစ်ပါတယ်။ Undying နဲ့
အနီးကပ်ဆုံး 200 AoE အတွင်းမှာတော့ Max Amplification ဖြစ်ပေါ်စေမှာဖြစ်ပြီး ဝေးလေလေ Amplification နည်းနည်းသွားမှာပါ။ v6.84c Patch မှာတော့ Minimum Amplification ကို 1% အထိ လျှော့ချလိုက်တဲ့အတွက် အဖက်ဖက်က ပြည့်စုံနေတဲ့ Undying ရဲ့ Amplification အားသာချက်ကို လျှော့ချနိုင်လိုက်ပါတယ်။ 750 AoE အတွင်းက Non-Ally Unit တစ်ခု သေသွားတိုင်း Undying ရဲ့ Max Hp 2% (Aghanim 3%) ခန့် ပြန် Heal စေမှာဖြစ်ပြီး သေတဲ့ Unit ဟာ Hero ဖြစ်နေမယ်ဆိုရင် 6% Hp (Aghanim 10%) ကို Heal စေမှာ ဖြစ်ပါတယ်။ Aghanim Scepter ကတော့ Undying ကို Amplification Rate တိုးစေမှာဖြစ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း HealAmount လည်း တိုးစေမှာ ဖြစ်ပါတယ်။

Hp Pool နဲ့ Mana Pool ဟာ Undying ရဲ့ အဓိက အသက်ဖြစ်လို့ Tank Initiator ဖြစ်တဲ့ Undying ဟာ Guardian Greave, Crimson Guard, Shiva Guard, Rod of Atos, Heart, Bloodstone, Scythe of Vyse, Aghanim’s Scepter စတဲ့ အားလုံးနဲ့ လိုက်ဖက်ပါတယ်။ မည်သို့ပင် ဆိုစေကာ မူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

yahooyeeha