LG Cube X Boom

LG-Cube-XBoom-.jpg

ဖုန်းနှင့် ကြိုးမဲ့ချိတ်ဆက်၍ အသုံးပြုနိုင်သော LG  Cube X Boom ဖြစ်သည်။ Dual USB ဖြစ်သောကြောင့် တစ်ခုမှတစ်ခုသို့  မိမိလိုအပ်သည်များကို ပြောင်းလဲနိုင်မည် ဖြစ်သည်။ MP3 Player, Laptop နှင့် အခြားသော player များဖြင့် တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် Bluetooth စနစ်ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် FM Radio ကိုလည်း နားဆင်နိုင်သည်။ Auto DJ, Bass Blast တို့ ပါဝင်သည့်အတွက် ဂီတကို နှစ်သက်သူများအတွက် အဆင်ပြေစေမည် ဖြစ်သည်။ အသံထုတ်လွှင့်မှုဆွဲအား 400 Watts ဖြစ်သည်။ Two way  Front စပီကာနှင့်ဖြစ်ပြီး LED Lighting Display ပါဝင်သည်။ အမြင့် ၂၁.၆ လက်မ၊ အကျယ် ၁၅.၆ လက်မ၊ အထူ ၁၇.၉ လက်မဖြစ်ပြီး အလေးချိန်မှာ 36.4lbs ရှိမည်ဖြစ်သည်။ အာမခံ တစ်နှစ်ပေးထားသည်။ တန်ဖိုးမှာ ၃၈၉,ဝဝဝ ကျပ်ဖြစ်ပြီး ဖုန်း – ၀၁-၃၇၉၉၅၄ နှင့် ၀၁-၃၇၉၉၅၅ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။