iDevice တွင် စာရိုက်ချိန်၌ Keyboard အား Shortcut စနစ်ဖြင့် အသုံးပြုခြင်း

User-Guide7.jpg

iDevice တွေမှာ Keyboard စနစ်ကို အသုံးပြုတဲ့အခါ ကိုယ်ရိုက်ချင်တဲ့ စာသားတစ်ခုကို ပြီးဆုံးသည်ထိ ရိုက်ဖို့မလိုအပ်ပဲ ကိုယ်တိုင် သတ်မှတ်ချက်စာလုံးတွေနဲ့ အတိုကောက် စာသားတစ်ခုကို ရိုက်လိုက်ရုံနဲ့ ကိုယ်ရေးချင်တဲ့ စာသားတွေကို ဖော်ပြပေးနိုင်မယ့် Shortcut စနစ်ကို အသုံးပြုနိုင်ပါတယ်။

ဒီလိုအသုံးပြုခြင်း နည်းလမ်းကိုတော့ Keyboard Shortcut စနစ်အသုံးပြုခြင်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး Setting ထဲသို့ဝင်ပါ။ Setting ထဲမှာရှိနေတဲ့ General ထဲကို ဝင်လိုက်ပါ။

General ထဲရောက်ရင်တော့ General ရဲ့ အောက်ဘက်နားမှာ ရှိနေတဲ့ Keyboard ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ပါ။

Keyboard ထဲကို ဝင်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။

အောက်ဘက်မှာ ရှိနေတဲ့ Add New Shortcut ဆိုတဲ့စနစ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Phrase ဆိုတဲ့စာတန်းနဲ့ Shortcut ဆိုတဲ့ စာတန်းနေရာ နှစ်ခုရှိပါတယ်။ အပေါ်ဖက်မှာ ရှိနေတဲ့ Phrase ဆိုတဲ့ နေရာမှာတော့ ကိုယ်အသုံးများတဲ့ အင်္ဂလိပ် စာကားလုံးတစ်ခုကို အပြည့်အဝရိုက်ပါ။ ဥပမာ Tomorrow ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်ပါမယ်။ ပြီးသွားရင်တော့ အောက်ဘက်မှာရှိနေတဲ့ Shortcut ဆိုတဲ့နေရာမှာ ကိုယ်မှတ်သားချင်တဲ့ အတိုကောက် စာသားကို ရေးသားရပါမယ်။ ဥပမာအနေနဲ့ Tomo လို့ မှတ်သားခဲ့လိုက်ပါမယ်။ ပြီးသွားရင်တော့ အပေါ်ထိပ်မှာရှိနေတဲ့ Save ကိုနှိပ်လိုက်ပါ။

ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ပြီးသွားရင်တော့ စမ်းသပ်ချက် အနေနဲ့ Message, Note အစရှိတဲ့ စာရိုက်နိုင်မယ့် စနစ်တစ်ခုခုထဲကို ဝင်လိုက်ပါ။

စာရိုက်မယ့် နေရာမှာ Tomo လို့ ကိုယ်မှတ်သားခဲ့တဲ့ စာကို ရိုက်လိုက်တာနဲ့ Tomorrow ဆိုတဲ့ စာသားကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ စာရိုက်တဲ့နေရာမှာ စာသားတစ်ခုလုံးကို ပြည့်စုံအောာင် ရိုက်နေဖို့ မလိုအပ်ပဲ လွယ်ကူလျှင်မြန်တဲ့ စနစ်နဲ့စာတွေကို ရိုက်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကိုယ်မှတ်သားထားချင်တဲ့ Shortcut ပြုလုပ်ထားချင်တဲ့ စာလုံးတွေကို Add New Shortcut ကိုနှိပ်ပြီး ထပ်မံဖြည့်စွက် နိုင်ပါတယ်။ စာလုံးပေါင်းရှည်တဲ့ စကားလုံးတွေ တော်တော်များများကို ဒီလိုမျိုး Shortcut ပေးထားပြီး အသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုး ပြုလုပ်ထားခဲ့မယ်ဆိုရင် Keyboard စနစ်ကို အသုံးပြုတဲ့ Contact, Message, Note အစရှိတဲ့ စာရိုက်တဲ့ နေရာတွေအားလုံးမှာ ကိုယ်အသုံးများတဲ့ စာတွေကို အတိုကောက် မှတ်သားထားပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ မှတ်သားထားတဲ့ စာတွေကို ပြန်ဖျက်ချင်တယ် ဆိုရင်လည်း အပေါ်မှာရှိနေတဲ့ Edit ကိုနှိပ်လိုက်ပါ။

အနီရောင် အနှုတ်လက္ခဏာတွေ ပေါ်လာပါလိမ့်မယ်။

အနှုတ်လက္ခဏာ တွေကိုနှိပ်ပြီး ကိုယ်ဖျက်ချင်တာကို ပြန်ဖျက် နိုင်ပါတယ်။