BSc (Hons) Business in Information Technology (Greenwich University, UK) ကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူ မမြတ်ပွင့်ကေခိုင်၏ Student Life

mpkk.jpg

ဒီအပတ်မှာတော့ BSc (Hons) Business in Information Technology (Greenwich University, UK) ကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူ မမြတ်ပွင့်ကေခိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်နဲ့ လက်ရှိလုပ်ကိုင်နေ တဲ့ ကုမ္ပဏီနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့အပိုင်း သိပါရစေ။

ကေခိုင့်အမည်ကတော့ မြတ်ပွင့်ကေခိုင်ပါ။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ Digital Solution Myanmar Co.,Ltd ဖြစ်ပါတယ်။ IT and Telecom ကို service ပေး တဲ့ ကုမ္ပဏီပါ။ Thailand အခြေစိုက် International Company တစ်ခုပါ။ ကေခိုင် တာဝန်ယူရတဲ့ အပိုင်းကတော့ Sales Engineer အပိုင်းပါ။ Customers အပိုင်းနဲ့ Technical Team အပိုင်းကို Dealing လုပ်ပေးရတာပါ။ Sales အပိုင်းနဲ့ ပတ်သက်တဲ့ Reports တွေ၊ ပြီးတော့ Customers တွေနဲ့ Relationship တည်ဆောက်ထားတဲ့ အပိုင်း စတာတွေကို တာဝန်ယူရပါတယ်။

ဘာကြောင့် KMD ကို ရွေးချယ် တက်ရောက်ဖြစ်ခဲ့တာလဲ။

ကေခိုင် ဘာကြောင့် KMD ကို ရွေးချယ်ခဲ့တာလဲဆိုတော့ KMD က မြန်မာနိုင်ငံမှာ နာမည်ကြီးပြီး ခိုင်မာတဲ့ အိုင်တီပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတစ်ခုမို့လို့ပါ။ ကေခိုင် KMD မှာ ကျောင်းမတက် ခင်တုန်းကတော့ သေသေချာချာ လေ့လာပြီးတော့မှ Join ခဲ့တာပါ။ ကေခိုင်မတိုင်ခင် တက်ရောက်ခဲ့တဲ့ Senior တွေနဲ့လည်း တွေ့ဆုံမေးမြန်း ခဲ့ပြီး တကယ် Join သင့်တဲ့ ကျောင်းမှန်းသေချာတော့မှ Join ခဲ့တာပါ။

BIT သင်တန်းပြီးမြောက်ပြီး လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်ခဲ့သလား။ KMD မှာ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အတွက် ဘယ်လိုအထောက်အကူပြုခဲ့သလဲ။

ဟုတ်ကဲ့ရှင့်။ အခု ကေခိုင်တာဝန်ထမ်းဆောင်နေတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး အများကြီး အထောက်အကူ ပြုခဲ့ပါတယ်။ ကေခိုင်က ကျောင်းတုန်းက Programming အပိုင်းကို အားသန်ခဲ့ပေမယ့် ကျောင်းပြီးသွားတော့ Business အပိုင်းကို ပိုပြီးစိတ်ဝင်စားလို့ Sales အပိုင်းကို Join ခဲ့တာပါ။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို ၃ နှစ်စလုံး စာတွေ့ လက်တွေ့တွေ လုပ်ခဲ့ရတော့ တကယ့်လုပ်ငန်းခွင်ဝင်တဲ့ အခါမှာ အခက်အခဲတော်တော် များများကို ကျော်လွှားနိုင်ခဲ့ပါတယ်။ KMD မှာက On Job Traning တွေ လည်းရှိတော့ ကောင်းပါတယ်ရှင့်။ ကေခိုင်တို့တုန်းကဆို ဆရာတွေ၊ ဆရာမတွေက စိတ်ဓာတ်ရေးရာကအစ လူမှုဆက်ဆံရေးအဆုံး Professional Ethics ထိကို အကြံဉာဏ်ပေးပြီး သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်စဝင်တုန်းကဆိုရင် လုပ်ငန်းခွင်နဲ့ အစိမ်းသက်သက်ကြီး ဖြစ်မနေခဲ့ပါဘူး။ လိုက်လျောညီထွေ ပေါင်းသင်း ဆက်ဆံနိုင်ပါတယ်။

လုပ်ငန်းခွင်ထဲ တကယ်ဝင်ရောက်တဲ့အခါ ဘယ်လို အခက်အခဲနဲ့ တွေ့ခဲ့ရသေးလဲ။ KMD ရဲ့သင်ကြားမှု ပုံစံက လက်တွေ့သုံးတဲ့အခါမှာ အထောက်အကူပြု ပါသလား။

လုပ်ငန်းခွင်ထဲ တကယ်ဝင်ရောက်တဲ့အခါမှာ ကေခိုင့်အနေနဲ့ အခက်အခဲကြီးတွေနဲ့ မတွေ့ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ KMD က ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုတွေက ကူညီပေးခဲ့ပါတယ်။ ဘယ်လို  CV ရေးရတယ်။ ဘယ်လို အင်တာဗျူးဖြေရတယ်။ ဘယ်လိုမျိုး ပြုမူဆောင်ရွက်ရမယ် ဆိုတာမျိုးပေါ့။ ပြီးတော့ ကေခိုင်က အရမ်းခက်တဲ့ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ဆရာ၊ ဆရာမတို့ရဲ့ အကြံဉာဏ်တွေကို ခုထက်ထိရယူပြီး ဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းပါတယ်။ Customer တွေနဲ့ Dealing လုပ်တဲ့အခါ အမှားမပါရအောင် ဘယ်လိုမျိုးလုပ်သင့်လဲ ဆိုတာမျိုးတွေကိုပေါ့။

International Diploma သင်တန်းတွေနဲ့ ပတ်သက်ပြီး အမြင်ကိုပြောပြပေးပါဦး။

ကေခိုင့်အနေနဲ့ကတော့ ဒီ International Diploma သင်တန်းတွေ ရှိလာတော့ အရမ်းကောင်းတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ဝင်တန်းပြီးသွားတဲ့ ကလေးတွေသာမက အသက်အပိုင်းအခြားမရှိ သင်ယူနိုင်လို့ပါ။ တကယ်လို့ ကိုယ်က အိုင်တီအပိုင်းကို စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်တန်းပြီးသွားရင် ကွန်ပျူတာ တက္ကသိုလ်တက်မယ်လို့ စိတ်ကူးထားတဲ့ကလေးတွေ အမှတ်မမီရင် စိတ်ပူစရာမလိုဘဲ Join နိုင်လို့ပါ။ ကေခိုင့်အနေနဲ့ဆိုရင် ကေခိုင်တို့တုန်းကလိုပဲ အားလုံးက ဒီပညာကို စတင်ပြီး သင်ကြားရမှာဆိုတော့ ဒီမှာ အမှတ်ကန့်သတ်ချက်တွေ၊ အသက်ကန့်သတ်ချက်တွေ မရှိတာမို့လို့ အရမ်းကောင်းပါတယ်။ ပြီးတော့ International ကျောင်းသားတွေ အနေနဲ့ သင်ယူရမှာပါ။ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း International Experience တွေရှိတာမို့ ကောင်းပါတယ်။ ဒီမှာက စာတွေ့ တင်မကဘဲ လက်တွေ့သင်ယူနိုင်တာဆိုတော့ လုပ်ငန်းခွင်ဝင်တဲ့ အခါမှာ အထောက်အကူ ပြုပါတယ်။ ပြီးတော့ First Year, Second Year ပြီးသွားရင် ကျန်တဲ့နှစ်တွေကို ကိုယ်က နိုင်ငံခြားမှာဆက်တက်မယ် ဆိုရင်လည်း အလွယ်တကူ Join နိုင်လို့ပါ။

မောင်ငယ်ညီမငယ်တွေကို ဘယ်လိုအကြံပြု ပြောကြားလိုပါသလဲ။

ကေခိုင်ကတော့ သူငယ်ချင်းတွေ၊ မောင်လေး၊ ညီမလေးတွေကို အကြံပြုချင်တာကတော့ ဒီမှာ ကိုယ်ရ ထားတဲ့ အခွင့်အရေးကို သေသေချာချာ အသုံးပြုနိုင်ဖို့ပါပဲ။ ဘာအ ခွင့်အရေးလဲဆိုတော့ International အတန်းတွေ တက်ရောက်နိုင်တဲ့ အခွင့်အရေးပါပဲ။ Projects အပိုင်းပဲဖြစ်ဖြစ်၊ စာအပိုင်းပဲဖြစ်ဖြစ်၊ အပြင် ကိစ္စတွေပဲ ဖြစ်ဖြစ် အခက် အခဲကြုံရင် ဆရာတွေ၊ ဆရာမတွေဆီကနေပြီးတော့ အကြံဉာဏ်ရယူပါ။ Subjects တွေက အစပိုင်းမှာ ကိုယ်နဲ့ အစိမ်းသက်သက်ဖြစ်တဲ့အခါ စိတ်မညစ် ပါနဲ့။ သေသေ ချာချာ လေ့လာပါ။ ပြီးတော့ ပုံမှန်လေး လေ့လာပါ။ အချိန်မီ Assignment တို့ Project တို့ကို တင်ပါလို့ အကြံပြုချင်ပါတယ်ရှင်။ ဘာကြောင့်လဲ ဆိုတော့ ကေခိုင်တုန်း ကနောက်ဆုံးနှစ်မှာ အင်တာနက်လိုင်း မကောင်းတာကြောင့် အချိန်မီတင်နိုင်ဖို့အတွက် အရမ်း စိုးရိမ်ခဲ့ရလို့ပါ။ ဒါကြောင့် ကေခိုင့် သူငယ်ချင်းတွေနဲ့ မောင်လေး၊ ညီမလေးတွေကို ကေခိုင့်လို စိုးရိမ်ရတာမျိုး မဖြစ်ရအောင်လို့ ကြိုတင်ပြီး ပြင်ဆင်ကြပါလို့ အကြံပြုချင်ပါတယ်ရှင့်။