Firefox Browser တွင် Yahoo Mail Notification ကို ဖော်ပြနိုင်ရန် ပြုလုပ်ခြင်း

137532.jpg

Yahoo Mail အသုံးပြုသူ တွေအနေနဲ့ Browser မှာ Yahoo Mail ကို သွားဖွင့်စရာ မလိုအပ်ဘဲ Firefox Browser ကနေ ကြည့်ရှုစစ်ဆေး နိုင်မှာဖြစ်ပါတယ်။ Firefox Browser  မှာ Yahoo Mail အတွင်းသို့ ဝင်ရောက်လာတဲ့ Mail တွေကို Yahoo Mail မဖွင့်ဘဲ Notification တွေကို ကြည့်ရှုလို သူတွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Firefox Browser မှာ Yahoo Mail Notification ကို ကြည့်ရှုနိုင်ဖို့အတွက် Fastest Notifier for Yahoo Mail ဆိုတဲ့ Add on ကို ထည့်သွင်းရမှာ  ဖြစ်ပါတယ်။ အဆိုပါ Add on ကို ထည့်သွင်းဖို့အတွက်  Firefox ရဲ့တရားဝင် အင်တာနက် စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ အဆိုပါ အင်တာနက် စာမျက်နှာပေါ် ရောက်သွားရင် Add ons ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Search Box ကနေ Fastest Notifier for Yahoo Mail ဆိုတဲ့ Keyword ကိုထည့်သွင်းပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ရှာဖွေမှုကို မပြုလုပ်ချင်ဘူး ဆိုရင်တော့ https://goo.gl/V75DYb ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကနေ တစ်ဆင့်သွားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Add-on နေရာကို ရောက်ပြီဆိုရင် Fastest Notifier Add-on ကို ထည့်သွင်း ရမှာဖြစ်ပါတယ်။

ထည့်သွင်းဖို့အတွက် Add to Firefox ဆိုတဲ့ ခလုတ်အစိမ်းလေးကို နှိပ်လိုက်ပါ။ အဆိုပါ ခလုတ်လေးကို နှိပ်လိုက်ရင် Add-on ကို Download ပြုလုပ်သွား ပါလိမ့်မယ်။ ပြီးသွားရင် Add-on ကို Install ပြုလုပ်ဖို့အတွက် Pop-up box တစ်ခုပေါ်လာရင် Install ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။ ဒီအဆင့် ပြီးသွားရင် Fastest Notifierကို Install ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးသွားရင် အကောင့်ကို ဝင်ဖို့အတွက် ညာဘက်အခြမ်း ထောင့်နားလေးမှာ Yahoo Mail Logo လေးနဲ့ Button လေးတစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Button လေးကိုနှိပ်ပြီး Yahoo Mail Account ကို ထည့်သွင်းပြီးတာနဲ့ စတင်အသုံးပြု နိုင်ပြီဖြစ်ပါတယ်။