Flow ဟု အမည်ရသည့် အီးမေးလ် app တစ်မျိုးကို Microsoft ဖန်တီးဖွယ်ရှိ

Microsoft-Flow.jpg

Microsoft သည် Flow ဟုအမည်ရသည့် အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးပြော ဆိုမှုများပြုလုပ်နိုင်မည့် app တစ်မျိုးကို iPhone ၌ဖြန့်ချိ ပေးသွားဖွယ်ရှိကြောင်း ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Microsoft အနေဖြင့် သုံးစွဲသူများက ဖုန်းပေါ်တွင် အရေးကြီးသည့် လူပုဂ္ဂိုလ်များနှင့် အီးမေးလ်ဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ရန်အတွက် ဒီဇိုင်းထုတ်ထားသည့် app တစ်မျိုးကို တိုးတက်အောင် လုပ်ဆောင်လျက်ရှိကြောင်း သတင်းတစ်ခုမှ ဖော်ပြခဲ့သည်။ အဆိုပါ application အမည်မှာ Flow ဖြစ်ကြောင်း၊ “Microsoft Confi-dential” ဟု အမှတ်အသား ပြုထားသည့် app သစ်ကို download ပြုလုပ်ရမည့် ဝက်ဘ်စာမျက်နှာ တစ်ခုအရ သိရှိရကြောင်း Twitter ပေါ်တွင် @h0x0d ကဖော်ပြခဲ့သည်။

Microsoft ၏အီးမေးလ် app သစ်တစ်မျိုးကို download ပြုလုပ်ရမည့် ဝက်ဘ်စာမျက်နှာတွင် “Flow by Outlook” ဟု ရည်ညွှန်းဖော်ပြ ထားကာ Apple ၏  iPhone များအနေဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်းဖော်ပြ ထားသည်။ ၎င်းစာမျက်နှာတွင် Flow နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့သည်။

Flow ၏လုပ်ဆောင်ချက်များသည် အီးမေးလ်ဖြင့် တွဲဖက်အသုံးပြုရသည့် Skype Qik နှင့်ဆင်သည်။ Skype Qik သည် Android, iOS နှင့် Windows Phone ထုတ်ကုန်များအတွက် ဗွီဒီယိုနှင့် အပြန်အလှန် ဆက်သွယ်နိုင်သည့် app တစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က Microsoft  မှဖြန့်ချိခဲ့သည်။  Skype Qik မှာ SMS (Short Message Service) နှင့် IM (Instant Messaging) တို့အဖြစ် အလွယ်တကူ ပေါ့ပါးစွာ အသုံးပြုနိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့ဖူးသည်။

Ref : CNET