USAID နှင့် NI တို့ ပူးပေါင်းကာ အင်ဂျင်နီယာ အတတ်ပညာ စွမ်းရည်များ မြင့်တက်စေမည့် စီမံကိန်းများ ဆေá

1.jpg

အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီနှင့် အမေရိကန်အခြေစိုက် ကော်ပိုရေးရှင်း ကုမ္ပဏီ National Instruments (NI) တို့ ပူးပေါင်းကာ မဲခေါင်မြစ် အောက် ပိုင်း ဒေသနိုင်ငံများမှ အင်ဂျင်နီယာနှင့် သိပ္ပံလုပ်ငန်း နယ်ပယ်ရှိ တက်သစ်စလူငယ်များ၏ နည်းပညာစွမ်းရည်များ မြင့်မားပြီး ဒေသတွင်း လုပ်သားအင်အားကဏ္ဍ တိုးတက် ဖွံ့ဖြိုးလာရန် လုပ်ငန်းခွင်အခြေပြုသင်တန်းများ ပံ့ပိုးပေးသည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် USAID COMET (အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ) က မဲခေါင်ဒေသ အတွင်း ပညာရေးနှင့် သင်တန်းများ ပံ့ပိုးပေးသည့်စီမံကိန်းနှင့် USAID ACTI ဟုခေါ်သည့် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီက အာဆီ ယံ ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းတို့အပြင် အခြားစီမံကိန်းများအတွက် NI က အမေရိကန်ဒေါ်လာ ၄.၅ မီလီယမ် တန်ဖိုး ရှိသည့် ဆော့ဖ်ဝဲ နည်းပ ညာများ၊ နည်းပညာအခြေပြု ပစ္စည်း များ၊ သင်ထောက်ကူပြုပစ္စည်းများ အသုံးပြုနိုင်အောင် ပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ကုမ္ပဏီက အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အေဂျင်စီနဲ့လက်တွဲပြီး မဲခေါင်မြစ်အောက်ပိုင်း ဒေသအတွင်း ထုတ်လုပ်မှုစွမ်းရည်နဲ့ တီထွင်ဆန်း သစ်မှုတွေ မြင့် တက်လာဖို့ နည်းပညာနဲ့ လိုအပ်တဲ့ပစ္စည်း ကိရိယာတွေကို ပံ့ပိုးပေးနိုင်တဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ နည်းပညာကျွမ်းကျင်မှု၊ သိပ္ပံလုပ်ငန်းသုံး စက်ကိရိယာတွေနဲ့ တီထွင်ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို ပေါင်းစပ်လုပ်ဆောင်နိုင်မယ် ဆိုရင် ဒေသတွင်းနိုင်ငံများရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ပါလိမ့်မယ်။ NI က တိုးတက် ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကို ပံ့ပိုးပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာနဲ့ သိပ္ပံအတတ် ပညာရှင်တွေကို အားသစ်လောင်းနိုင်ဖို့ Planet NI ဟု ခေါ်တဲ့ စီမံကိန်းကို အခြေပြုပြီး အောင်မြင်အောင် လုပ်ဆောင်သွားမှာပါ” ဟု NI မှ ထွန်းသစ်စဈေးကွက်များ ဆိုင်ရာ အရောင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းဌာနမှ ဒုတိယ ဥက္ကဋ္ဌ Victor Mieres က ပြောသည်။

လာမည့် ၅ နှစ်အတွင်း အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီနှင့် NI တို့သည် သင်ကြားရေး စင်တာတစ်ရပ် ပူးပေါင်းထူထောင်ပြီး တက္ကသိုလ်နှင့် အသက်မွေး ဝမ်းကျောင်း ကောလိပ်များမှ ကျောင်းသားများနှင့် အသက်မွေးဝမ်းကျောင်း နယ်ပယ်မှ အတတ်ပညာရှင်များအား NI ၏ အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ (NI’s embedded and measurement devices) အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း အပြင် သင်တန်းများ စီစဉ်ပေးခြင်းနှင့် နည်းပညာများ ရရှိနိုင်အောင် လည်း ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုတွင် တက္ကသိုလ်ကောလိပ်များ၏ သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင် ရွက်ပေးခြင်း၊ နည်းပြဆရာများအား သင်တန်း များပေးခြင်း၊ သိပ္ပံစမ်းသပ်ခန်းသုံး စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးခြင်း အပါအဝင် လုပ်ငန်းစတင် တည်ထောင်သူများနှင့် အသေးစားအလတ်စား လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး လာအောင် ထောက်ပံ့ပေးသည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အာဆီယံနှင့် ဆက်စပ်သည့် နယ်ပယ်ကဏ္ဍများတွင် ကျွမ်းကျင်ဝန်ထမ်းအရေအတွက် မြင့်တက်လာရန် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းစင်တာ ၁၀၀ ကို ပံ့ပိုး ကူညီသွားရန် USAID COMET က ရည်မှန်းထား ရှိကြောင်း သိရသည်။