MEC ဖုန်းများလည်း ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ပေးဆောင်ရမည့် အထဲတွင် ပါဝင်

IMG_20130513_134925-1.jpg

MEC ဖုန်းများလည်း ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ပေးဆောင်ရမည့် အထဲတွင် ပါဝင်ကြောင်းသိရသည်။

ဖုန်းငွေဖြည့်ကတ်သုံးစွဲသူများ အနေဖြင့် ဇွန်လ (၁) ရက်နေ့မှ စတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရတော့မည် ဖြစ်ရာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ Telenor၊ Ooredoo ဖုန်းများ ပါဝင်သကဲ့သို့ MEC ဖုန်းများလည်း ပါဝင်မည်ဖြစ်သည်။  “MEC  ကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအောက်မှာဖြစ်တယ်၊ MPT  ဖုန်းတွေ အတွက် အခွန်ဆောင်ရမယ် ဆိုရင် MEC  ဖုန်းသုံးစွဲသူတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)  မှ တာဝန်ရှိသူ က ပြောသည်။

MEC ဆင်းမ်ကတ်များ၏ တန်ဖိုးမှာ ကျပ် ၁၅၀၀ ဖြစ်သည်။ MECTEL မှ လက်ရှိ သတ်မှတ်ထားသည့် ဖုန်းခေါ်ဆိုခနှင့် ဝန်ဆောင်မှု နှုန်းထားများ အနေဖြင့် MEC ဖုန်း အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်၊ အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၅၀ ကျပ်၊ SMS  တစ်စောင်လျှင် ၁၅ ကျပ်နှုန်း၊ အင်တာနက်အသုံးပြုခ တစ်မိနစ်လျှင် ၄ ကျပ်နှုန်းတို့ဖြစ်သည်။

ဇွန်လ (၁) ရက်နေ့မှစတင်၍ ဖုန်းငွေဖြည့်ကတ်အသုံးပြုသူများ အနေဖြင့် တစ်ထောင်တန်ငွေဖြည့် ကတ် အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၉၅၂ ကျပ်ရရှိကာ ကုန်သွယ် လုပ်ငန်းခွန် တန်ဖိုး ၄၈ ကျပ်ပေး ဆောင်ရမည် ဖြစ်ကြောင်း၊ သုံးထောင်တန် ငွေဖြည့်ကတ် အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၂၈၅၇ ကျပ်ရရှိကာ  ကုန်သွယ် လုပ်ငန်းခွန်  ၁၄၃ ကျပ်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။  ငါးထောင်တန်ငွေဖြည့် ကတ်အသုံးပြုပါက ၄၇၆၂ ကျပ် သုံးစွဲခွင့်တန်ဖိုး ၄၇၆၂ ရရှိပြီး ကုန်သွယ်လုပ်ငန်းခွန် ၂၃၈ ကျပ်၊ တစ်သောင်း တန် ငွေဖြည့်ကတ် အသုံးပြုပါက သုံးစွဲခွင့်တန်ဖိုး ၉၅၂၄ ကျပ်၊ ကုန်သွယ်လုပ်ငန်းခွန် ၄၇၆ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။